DVB Logo
Home
မြန်မာသတင်း
ကသာထောင်မှ အကျဉ်းသား ၄၆၂ ဦး လွတ်မြောက်
DVB
·
April 17, 2020
ကသာထောင်မှ အကျဉ်းသား ၄၆၂ ဦး လွတ်မြောက်
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာအကျဉ်းထောင်ကနေ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၄၆၂ ဦး နိုင်ငံတော်သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဧပြီ ၁၇ ရက် မနက်က ပြန်လွတ်လာပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ အင်းတော်မြို့မှ ၁၀၁ ဦး၊ ထီးချိုင့်မြို့မှ ၃၂ ဦး၊ ဗန်းမောက်မြို့မှ ၇၃ ဦး၊ ပင်လည်ဘူးမြို့မှ ၅၈ ဦး၊ ကောလင်းမြို့မှ ၃၇ ဦး၊ ဝန်းသိုမြို့မှ ၇၃ ဦး၊ ကသာမြို့မှ ၇၆ ဦးနဲ့ အခြားပြည်နယ်နဲ့တိုင်းတွေက ၁၂ ဦး စုစုပေါင်း ၄၆၂ ဦး ပါဝင်ပါတယ်။

မြန်မာနှစ်သစ်ကူးနေ့အထိမ်းအမှတ် နိုင်ငံတဝန်း  အကျဉ်းထောင်နဲ့ အကျဉ်းစခန်းအသီးသီးက အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၄၈၉၆ ဦးကို သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

သတင်း- ကိုကိုလင်း (အင်းတော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013