မန္တလေးဗဟိုအကျဉ်းထောင်က အကျဉ်းသား ၁၅၅၀ ကျော်ပြန်လွတ်
DVB
·
April 17, 2020

မန္တလေးဗဟိုအကျဉ်းထောင်ကနေ အကျဉ်းသား ၁၂၉၃ ယောက်နဲ့ အကျဉ်းသူ ၂၅၈ ယောက် စုစုပေါင်း ၁၅၅၁ ယောက် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့မနက် ပြန်လည်လွတ်မြောက်လာ ပါတယ်။
မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း ၂၅၀၀၀ နီးပါးကို နိုင်ငံတော် သမ္မတအမိန့်နဲ့ ဧပြီလ ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။










