DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းရှိ အကျဉ်းထောင်များမှ  နာဂလက်နက်ကိုင်ခေါင်းဆောင်ဟောင်းများပါအဝင် အကျဉ်းသား ၂၅၅၅ ဦး လွတ်မြောက်
DVB
·
April 17, 2020
စစ်ကိုင်းတိုင်းရှိ အကျဉ်းထောင်များမှ  နာဂလက်နက်ကိုင်ခေါင်းဆောင်ဟောင်းများပါအဝင် အကျဉ်းသား ၂၅၅၅ ဦး လွတ်မြောက်
1 / 6
Donate to DVB

စစ်ကိုင်းတိုင်းက အကျဉ်းထောင် ၅ ခု၊ အကျဉ်းစခန်း ၆ ခုကနေ အကျဉ်းကျခံနေရသူ ၂၅၅၅ ဦးကို နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့  ဒီနေ့မနက် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ 

ပြန်လွတ်လာကြတဲ့အထဲမှာ နာဂတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ NSCN-K ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်‌ဟောင်းတွေ၊ အိန္ဒိယနိုင်ငံသား‌‌တွေလည်း ပါဝင်ပါတယ်။

နာဂအမျိုးသား‌ ဆိုရှယ်လစ်ကောင်စီအဖွဲ့ဝင်ဟောင်း ဗဟိုကော်မတီဝင် ဦးစောထင် ကို မုံရွာအကျဉ်းထောင်၊ သာသနာရေးဝန်ကြီးဟောင်း ဦးကျော်ဝမ်းစိန်နဲ့ ဒုဗိုလ်မှူးကြီး အောင်ဆိုင်းတို့ကို ရွှေဘို အကျဉ်းထောင်၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် အန့်မိုင်နဲ့ သစ်တောဝန်ကြီး ဦးအန်ကန့်တို့ကို မန္တလေးအကျဉ်းထောင်တို့ကနေ လွှတ်ပေးလိုက်ပါတယ်။ 

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီက ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးကို မတရားအသင်း ဆက်သွယ်မှုနဲ့ ခန္တီးဗျုဟာကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ကို နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီကနေ ထုတ်ပယ်ကြောင်း  ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ကလေးအကျဉ်းထောင်ကနေ အိန္ဒိယနိုင်ငံသား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၄ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၁ ဦးတို့ကိုလည်း ပြည်နှင်ဒဏ်နဲ့ လွတ်ငြိမ်ချမ်းသာခွင့် ပေးခဲ့ပါတယ်။

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်တာကြောင့်  လူစုလူဝေးဖြစ်ပေါ်မှာ စိုးတဲ့အတွက် အကျဉ်းသားတွေကို လူစုခွဲပြီး ပြန်လွှတ်ပေးနေပါတယ်။ 

မုံရွာအကျဉ်းထောင်ကနေ အကျဉ်းသားစုစုပေါင်း ၁၆၃ ဦး၊ ကလေးအကျဉ်းထောင်က ၅၆၄ ဦး၊ ရွှေဘိုအကျဉ်းထောင်က ၃၀၂ ဦး၊ ခန္တီးအကျဉ်းထောင်က ၂၉၇ ဦး၊ ကသာအကျဉ်းထောင်က ၄၆၁ ဦးနှင့် တခြားတိုင်းအတွင်းအကျဉ်းစခန်း ၆ ခုကနေ ၇၆၈ ဦး စုစုပေါင်း ၂၅၅၅ ဦးကို လွှတ်ပေးတာဖြစ်ပါတယ်။

မုံရွာအကျဉ်းထောင်ကနေ နယ်ဝေးပြန်မယ့်သူတွေကိုလည်း အကျဉ်းဦးစီးနဲ့ ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီတို့ ပူးပေါင်းကာ နေရပ်ပြန်ပို့ဖို့ ကားတွေ စီစဉ်ပေးနေပါတယ်။ 

မုံရွာအကျဉ်းထောင်ကိုတော့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး  သန်းထွန်းအောင်ကိုယ်တိုင် လာရောက် ကြည့်ရှုကာ စစ်ဆေးခဲ့ပြီး ထောင်အတွင်းအပြင် လုံခြုံရေးကိုလည်း တိုးမြှင့် ချထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013