DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်ထောင်က  အကျဉ်းသား/သူ ၁၉၀ လွတ်ငြိမ်းချမ်းသာခွင့်ရ
DVB
·
April 17, 2020
လွိုင်ကော်ထောင်က  အကျဉ်းသား/သူ ၁၉၀ လွတ်ငြိမ်းချမ်းသာခွင့်ရ
1 / 7
Donate to DVB

ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်ကနေ အကျဉ်းသူ အကျဉ်းသားပေါင်း  ၁၉၀ ဒီကနေ့မနက်က လွတ်ငြိမ်းချမ်းသာခွင့်ရလို့ ပြန်လွတ်လာကြပါတယ်။ 

မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးမှာရှိတဲ့ အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၂၄၈၉၆ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတက ဒီကနေ့ အမိန့်ထုတ်ပြန်ပြီးနောက်မှာ အခုလို ပြန်လွှတ်လာကြတာပါ။ 

ပြန်လွတ်လာသူတွေထဲမှာ လွိုင်ကော်အကျဉ်းထောင် ရဲအက်ဥပဒေနဲ့ ၃ ဦး၊  တပ်မတော်အက်နဲ့ ကျား ၁၇ ဦးနဲ့ မူးယစ်ပုဒ်မတွေနဲ့ ကျား ၁၄၉ နဲ့ မ ၂၁ စုစုပေါင်း ၁၉၀ ဖြစ်ပါတယ်။

ပြန်လွတ်လာသူ ၁၉၀ ထဲမှာ ကယားပြည်နယ်အတွင်းက အကျဉ်းသူအကျဉ်းသား ၉၀ ပါဝင်ပြီး ကျန်သူတွေကတော့ ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ် အစရှိတဲ့ ဒေသတွေက ဖြစ်ကြတယ်လို့ အကျဉ်းထောင်တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ 

COVID -19 ရောဂါ ဖြစ်ပွားမှုမရှိစေရေး ပြန်လွှတ်ပေးသူတွေကို ထောင်အာဏာပိုင်တွေက အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေသလို ရပ်ဝေးက ပြန်လွတ်လာသူတွေကို သူတို့အိမ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ 

ထောင်အာဏာပိုင်တွေက လူစုလူဝေးမဖြစ်စေရေး အခုလို စီစဉ်ဆောင်ရွက်ပေးနေပေမယ့် ထောင်ရှေ့တွေမှာတော့ အကျဉ်းသူအကျဉ်းသာတွေရဲ့ မိသားစုဝင်တွေ လာရောက် စောင့်ဆိုင်း ကြိုဆိုနှုတ်ဆက် နေတာကိုလည်း တွေ့ရပါတယ်။ 

ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရသူတဦးကတော့ သူ့ရဲ့ ထောင်ပြစ်ဒဏ်  ၄ ပုံတပုံ လျော့ပေါ့ပေးလိုက်လို့ သူပြန်လွတ်လာတာလို့ ပြောပါတယ်။

“ကျနော်က ၁၅ နှစ် ၃ လကျတယ်။ သူတို့က ၄ ဖို့တဖို့ ပေးတာဆိုတော့ ၆ နှစ်နဲ့ ၄ လကျတာပေါ့။ ကျနော်ကတော့ ပျော်တာပေါ့။ ကျနော်ထောင်ထဲ ဒီလောက်ကြာတာ။ အခု အိမ်တောင်မပြန်တတ်ဘူး။ အိမ်က ကျနော်အရင်က ရန်ကုန်မှာနေတာ။ အခု အဲမှာမနေတော့ဘူး။ ရွှေညောင်မှာလာနေတာ။ ”

မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ နိုင်ငံတော် သမ္မတက အကျဉ်းထောင်/ စခန်းအသီးသီးရှိ အကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၂၄၈၉၆ ဦးတို့ကို စည်းကမ်းသတ်မှတ်ချက် မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ရဲ့  ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်မှာ ဖော်ပြပါရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013