Home
မြန်မာသတင်း
COVID-19 ကြောင့် မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာကို အကျဉ်းရုံးပိတ်သိမ်း
DVB
·
April 17, 2020
93721328_2302088326759282_6547979596132777984_o
93702232_2302088176759297_9113233742352089088_n
93675026_2302088273425954_3351986258132860928_o
93225981_2302088383425943_7170385881344245760_o
93072109_2302088233425958_2055514993599709184_n
မကွေးတိုင်း မင်းဘူး (စကု) မြို့နယ်ထဲက မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာရှိ ဗုဒ္ဓဘုရားရှင်ရဲ့ ခြေတော်ရာကို ဧပြီ ၁၇ နေ့ မနက်ပိုင်းက အလင်းဖောက် ဖန်အုပ်ဆောင်းအုပ်ပြီး အကျဉ်းရုံး ပိတ်သိမ်းလိုက်ပါတယ်။ မန်းရွှေစက်တော်ဘုရား ဂေါပကအတွင်းရေးမှူး ဦးခင်မောင်စိုးက "COVID-19 ရောဂါကြောင့် ယခင်နှစ်တွေကလို ခြေတော်ရာပိတ်ပွဲကို စည်းကားသိုက်မြိုက်စွာ မပြုလုပ်တော့ဘဲ သြဝါဒ သံဃာတော် ၅ ပါးနဲ့ အကျဉ်းရုံးပြီး ပိတ်သိမ်းခဲ့တာပါ။” လို့ ပြောပါတယ်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကိုတော့ COVID-19 ရောဂါကြိုတင် ကာကွယ်နိုင်အောင် မတ်လ ၁၃ ရက်နေ့က ပိတ်သိမ်းခဲ့ပြီး နစ်နာတဲ့ လုပ်ငန်းရှင်တွေနဲ့ စျေသည်တွေအတွက် တင်ဒါကြေးငွေ ၆၀ ရာခိုင်နှုန်း ပြန်ပေးခဲ့တယ်လို့ ဦးခင်မောင်စိုးက ဒီဗွီဘီကိုပြောပါတယ်။ မန်းရွှေစက်တော်ဘုရားပွဲတော်ဟာ နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်ကနေ မြန်မာနှစ်ဆန်း ၁ နေ့ထိ ရက်ပေါင်း ၈၀ ကြာ ကျင်းပတဲ ပွဲတော်တခုဖြစ်ပြီး အခုနှစ်မှာတော့ COVID-19 ရောဂါကြောင့် ရက်ပေါင်း ၄၀ ကျော်ခန့်သာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024