DVB Logo
Home
မြန်မာသတင်း
ခွင့်ပြုချက်မရှိဘဲ လူ ၅ ဦး စုဝေးပါက အရေးယူမည်
DVB
·
April 17, 2020
Donate to DVB

COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိစ္စတချို့ကလွဲလို့  လူငါးဦး ဖြစ်စေ၊ လူငါးဦးထက်ပို၍ ဖြစ်စေ စုဝေးခြင်းမပြုကြဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီလ ၁၆ ရက်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ 

လူငါးဦးထက်ပိုပြီး စုဝေးခွင့်ပြုထားတဲ့ ကိစ္စတွေထဲမှာတော့ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်ဖို့  လုပ်ငန်းခွင်သို့ သွားရောက်ခြင်းနှင့် လုပ်ငန်းခွင်မှ ပြန်ခြင်း၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ လုပ်ငန်းခွင်သို့ သွားရောက်ခြင်းနှင့်  လုပ်ငန်းခွင်မှ ပြန်ခြင်း၊ ခွင့်ပြုချက်ရရှိထားတဲ့ ဈေး၊ ကုန်တိုက်တွေမှာ ဈေးရောင်း ဈေးဝယ်ပြုလုပ်ခြင်းတို့ ပါဝင်ပါတယ်။

ဒါ့အပြင် ခွင့်ပြုချက်ရရှိထားတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ခြင်း၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ခွင့်ပြုချက်နှင့်အညီ COVID-19 ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေဆောင်ရွက်ခြင်း၊ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းနှင့် အရေးပေါ်ကိစ္စရပ်တွေ ဆောင်ရွက်ခြင်း၊ ကျန်းမာရေးနှင့်စပ်လျဉ်း၍ ဆေးရုံ၊ ဆေးခန်းသို့သွားရောက်ခြင်းနဲ့  နာရေးကိစ္စဆောင်ရွက်ခြင်းတွေကိုလည်း ခွင့်ပြုထားပါတယ်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး ဒီ အမိန့်ကို ထုတ်ပြန်လိုက်တာလို့ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေးရဲ့ လက်မှတ် ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။

အများပြည်သူတွေအနေနဲ့  COVID-19 ကြိုတင်ကာကွယ်ရေးနဲ့ ရောဂါကာကွယ်နှိမ်နင်းရေးတို့နဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့နဲ့ လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူမယ်လို့လည်း ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013