DVB Logo
Home
မြန်မာသတင်း
ဖလမ်းမြို့အနီး  အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်    
DVB
·
April 16, 2020
ဖလမ်းမြို့အနီး  အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်    
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးမှာ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ  အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဧပြီ ၁၆ ရက် မြန်မာစံတော်ချိန် ည ၇ နာရီ၊ ၁၇ မိနစ်၊  ၁၇ စက္ကန့် အချိန်မှာ ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် ၂၇ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ဖလမ်းမြို့ရဲ့ အရှေ့တောင်ဘက် ၂၅ မိုင်ခန့်အကွာ  မြောက်လတ္တီတွဒ် (၂၂.၇၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၀၂)ဒီဂရီ၊ အနက်(၃)ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အလားတူဒီနေ့ ညနေ (၆) နာရီ၊ (၁၅) မိနစ်၊ (၂၅) စက္ကန့် အချိန်ကလည်း ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက်(၂၇)မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (ဖလမ်းမြို့၏ အရှေ့တောင်ဘက်(၂၄)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၇၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၀၁)ဒီဂရီ၊ အနက်(၁၂)ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး(၆.၁)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှား သွားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီမနက်အစောပိုင်း ၂ နာရီလောက်ကလည်း မြန်မာနိုင်ငံ အလယ်ပိုင်းက စလေမြို့အနီး  ၂၃ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၄ အဆင့်ရှိ ငလျင် လှုပ်ခဲ့ပါတယ်။

ဒါ့အပြင် မနက် ၁၀ နာရီ၊ ၇ မိနစ်၊ ၃၇ စက္ကန့်လောက်ကလည်း  ခန္တီးမြို့ တောင်ဘက် ၈ မိုင်ခန့် အကွာမှာ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွားပါတယ်။

မြန်မာပြည်တွင်းမှာ ဒီနေ့ တရက်တည်း မြေငလျင်  ၄ ကြိမ်လှုပ်ခတ်သွားတာဖြစ်ပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု  အခြေအနေသတင်းတွေကတော့ မရရှိသေးပါဘူး။ 

ဓာတ်ပုံ- မိုးဇလ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013