
အသက် ၄၁ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုနဲ့ နည်းပြ ဂျော့ဂျီးဆပ်တို့ သဘောထား ကွဲလွဲခဲ့ပြီးနောက် မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ရော်နယ်ဒိုနဲ့ စကားပြောခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ နည်းပြရဲ့ ပြောကြားချက်တွေအပြီး ဒိန်းမတ်မှာရှိတဲ့ ပေါ်တူဂီစခန်းကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် စပိန်နိုင်ငံ မက်ဒရစ်မြို့ကို ကိုယ်ပိုင်လေယာဉ်နဲ့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်အပေါ် ပေါ်တူဂီအသင်းဖော် ဘရူနိုက အသင်းတွင်း ပြဿနာတွေကို လူသိရှင်ကြား မဟုတ်ဘဲ တံခါးပိတ် ဖြေရှင်းသင့်ကြောင်း အကြံပြုခဲ့ပါတယ်။
ဒါ့အပြင် ပြဿနာဖြစ်နေသူ ၂ ယောက်စလုံးအနေနဲ့ အသင်းအတွက် သီးသန့်တွေ့ဆုံ စကားပြောကြဖို့လည်း ဘရူနိုက ထပ်မံတောင်းဆိုထားပါတယ်။










