DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ရှိ COVID-19 အတည်ပြုလူနာ အမှတ် ၇၄ ၏ နေအိမ်နှင့် လမ်းကို ပိတ်ထား
DVB
·
April 15, 2020
ကလေးမြို့ရှိ COVID-19 အတည်ပြုလူနာ အမှတ် ၇၄ ၏ နေအိမ်နှင့် လမ်းကို ပိတ်ထား
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ နယ်မြေ ၅၊ အိမ်အမှတ် ၅/၁၂၈ နေအိမ်က  အိမ်ရှင်အမျိုးသမီးတဦးမှာ COVID- 19 ရောဂါပိုး စတင်တွေ့ရှိရလို့ သူ့ရဲ့နေအိမ်နဲ့ လမ်းကို အသွားအလာကန့်သတ်ပိတ်ပင် Lockdown ချထားလိုက်ပါတယ်။ 

ရောဂါပိုးတွေ့ရှိခဲ့တဲ့ အတည်ပြုလူနာအမှတ် ၇၄ ဖြစ်တဲ့  အမျိုးသမီးဟာ အသက် ၆၃ နှစ်အရွယ်ရှိပြီး တီးတိန်မှာ ပထမဆုံး ရောဂါပိုးတွေ့ရှိခဲ့တဲ့ COVID-19 အတည်ပြုလူနာ နံပါတ် ၁  တည်းခိုခဲ့တဲ့ နေအိမ်က အိမ်ရှင်လည်း ဖြစ်ပါတယ်။

လူနာအမှတ် ၁ ပထမဆုံး ရောဂါတွေ့ရှိပြီးနောက်  ၂၄ ရက်ကြာမှ သူနဲ့ ထိတွေ့ခဲ့သူတဦးမှာ COVID-19 ရောဂါကူးစက်ခံရကြောင်း ထပ်မံတွေ့ရှိရတာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ သူ့ရဲ့ နေအိမ်နဲ့ လမ်းကို ဧပြီလ ၁၅ ရက်နေ့ မနက်ပိုင်းကနေ စတင်ကာ ဒေသအာဏာပိုင်တွေက   Lockdown ချလိုက်ပြီဖြစ်ပါတယ်။

ကလေးမြို့ဒေသခံ ကိုကျော်သက်ဝင်းက တရားဝင်တော့ မထုတ်ပြန်သေးဘူး။ Lockdown တော့ ချလိုက်ပြီ။ ဘယ်နှယောက်ဆိုတာ မသိရသေးဘူး။ တွေ့တော့ တွေ့ပြီပေါ့။ မပြည့်စုံတဲ့မြို့ဖြစ်တော့ စိုးရိမ်ထိတ်လန့်မှုတော့ ရှိတာပေါ့။ ခုတင် ၃၀၀ ဆေးရုံရှိပေမယ့် ကာကွယ်ရေးပစ္စည်းကအစ စုံစုံလင်လင်မရှိဘူး။ မနက်က Lockdown ချတာတောင် ကာကွယ်ရေးပစ္စည်းက အပြည့်အစုံ မပါကြဘူး။ ဆေးဖျန်းတာ ဘာညာလည်း လုပ်နေတယ်။ ကာကွယ်ရေးလုပ်ငန်းတွေကို မြှင့်တင်မယ်လို့တော့ သိရတယ်။ တင်းကျပ်သင့်တာ တင်းကျပ်မယ်ပေါ့လို့ ပြောပါတယ်။

အခုပိုးတွေ့လူနာက စစ်ကိုင်းတိုင်းရဲ့ ပထမဆုံးသော COVID-19 ရောဂါပိုးတွေ့ရှိသူလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့တာဝန်ရှိသူတွေကို ဆက်သွယ်ရာမှာတော့ အစိုးရအဖွဲ့ အစည်းအဝေးလုပ်နေတာ ဖြစ်တဲ့အတွက် မေးမြန်းခွင့်မရသေးပါဘူး။ 

လတ်တလောမှာတော့ ကလေးမြို့ထဲမှာ အသွားအလာ လုံးဝပြတ်တောက်တာတော့ မရှိသေးပါဘူး။ သွားလာသူအများစုကလည်း နှာခေါင်းစည်းကအစ အကာအကွယ်ပစ္စည်းသုံးတာ အင်မတန် နည်းပါးနေသေးတယ်လို့ ကလေးမြို့ခံ ကိုလှိုင်ထွန်းက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013