DVB Logo
Home
မြန်မာသတင်း
ဟိုပုံးမြို့နယ်၌  တပ်မတော်သားများအပါအဝင် လူပေါင်း ၁၈၀ ကျော်ကို Quarantine လုပ်ထား
DVB
·
April 15, 2020
ဟိုပုံးမြို့နယ်၌  တပ်မတော်သားများအပါအဝင် လူပေါင်း ၁၈၀ ကျော်ကို Quarantine လုပ်ထား
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့မှာ အသက်ရှုကြပ်တာ၊ မောပန်းတာ စတဲ့ လက္ခဏာတွေနဲ့  သေဆုံးသွားတဲ့ အမျိုးသားတဦးနဲ့ ထိတွေ့ခဲ့တဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေအပါအဝင် လူပေါင်း  ၁၈၀ ကျော်ကို Quarantine လုပ်ထားလိုက်ပါတယ်။

ဧပြီလ ၁၂ ရက်က သေဆုံးသွားတဲ့အဆိုပါ လူနာနဲ့ ထိတွေ့ခဲ့တဲ့ ဇနီးနဲ့ သမီးဖြစ်သူ၊ ကုသပေးတဲ့ မြို့နယ်ဆရာဝန်ကြီး အပါအဝင် ဝန်ထမ်း ၁၈ ဦးကို Quarantine လုပ်ဖို့နဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ ပြည်နယ်ဆေးရုံကို တင်ပြထားတယ်လို့ သိရပါတယ်။

အဆိုပါ ၁၈ ဦးထဲက  အထက်တန်းသူနာပြု ၁ ဦးနဲ့ သူနာပြု ၃ ဦးတို့ဟာ ဟိုပုံးမြို့နယ် အခြေခံသင်တန်းကျောင်းမှာ တာဝန်ထမ်း ဆောင်နေတဲ့ တပ်မတော်သားတွေရဲ့ ဇနီးတွေဖြစ်တဲ့ အတွက် သူတို့ရဲ့ မိသားစုဝင်တွေ၊ မိသားစုဝင်တွေနဲ့ ထိတွေ့ခဲ့တဲ့ အရာရှိ ၁၀ ဦး၊ သန္ဓေစစ်သည် ၅ ဦး၊ သင်တန်းသားစစ်သည် ၁၆၃ ဦးနဲ့ မှီခို ၇ ဦး၊ စုစုပေါင်း ၁၈၅ ဦးတို့ကို အရာရှိရိပ်သာ၊ သင်တန်းသားအိပ်ဆောင်၊ စစ်သည်အိပ်ဆောင်နဲ့ ဟိုပုံးပြည်သူ့ဆေးရုံတို့မှာ Quarantine လုပ်ထားတယ်လို့ ဧပြီလ ၁၅ ရက်နေ့မှာ တပ်မတော် က သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့အထိ တပ်မတော်အတွင်းမှာ COVID- 19 ရောဂါကူးစက်ခံရသူ မရှိသေးဘဲ Hospital Quarantine စောင့်ကြည့်သူ တပ်မတော်သား ၁၁ ဦး၊ မှီခို ၇ ဦး၊ Home Quarantine စောင့်ကြည့် တပ်မတော်သား ၂၀၇ ဦး၊ မှီခို ၁၀၈ ဦး၊ Facility Quarantine စောင့်ကြည့် တပ်မတော်သား ၅၆ ဦး၊ မှီခို ၇၆ ဦး၊ စုစုပေါင်း ၄၆၅ ဦးရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင်ရန်ကုန်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှာ Facility Quarantine စောင့်ကြည့် ပြည်သူ ၁၅၄ ဦး၊ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှာ စောင့်ကြည့် ပြည်သူ ၄၁၃ ဦး၊ ရွှေညောင် တည်းခိုရေးစခန်းမှာ ၂၆ ဦး၊ ကျိုင်းတုံမြို့ ရှိ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ၁ ဦး စုစုပေါင်း ပြည်သူ ၅၉၄ ဦးတို့ရှိပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ- တပ်မတော် 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013