DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း သေဆုံးသွားသည့် သံသယလူနာ ၂ ဦးတွင် COVID-19 ရောဂါမတွေ့
DVB
·
April 14, 2020
မကွေးတိုင်းအတွင်း သေဆုံးသွားသည့် သံသယလူနာ ၂ ဦးတွင် COVID-19 ရောဂါမတွေ့
1 / 2
Donate to DVB

မကွေးတိုင်းဒေသကြီးအတွင်းမှာ သေဆုံးသွားတဲ့ စလင်းမြို့နယ်နဲ့ ကံမမြို့နယ်ထဲက စောင့်ကြည့် သံသယလူနာ ၂ ဦးမှာ COVID-19 ရောဂါပိုးမတွေ့ရှိရဘူးလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကသိရပါတယ်။

မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက "မကွေးတိုင်းဒေသကြီး အတွင်း သေဆုံးခဲ့တဲ့ စောင့်ကြည့် သံသယလူနာ ၂ ဦးနဲ့ Hospital Quarantine ပြုလုပ်ပေးထားတဲ့လူနာတွေမှာ COVID-19 ရောဂါပိုး မတွေရှိရပါဘူး။ Facility Quanrantine ပြုလုပ်ပေးထားတဲ့ ပြည်ပကပြန်ဝင်လာသူတွေကို ဧပြီလ ၁၁ ရက်နေ့က စတင်ပြီး ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးရာမှာတော့ ဧပြီလ ၁၃ ရက်နေ့ ည ၁၀ နာရီကျော်ခန့်က မြို့သစ်မြို့နယ်ထဲက အမျိုးသားတစ်ဦးမှာ COVID-19 ရောဂါပိုး စတင်တွေ့ရှိ ခဲ့ပါတယ်။ လူနာနဲ့ ထိတွေ့ဆက်စပ်ခဲ့သူတွေနဲ့ ပြည်ပကပြန်ဝင်လာသူတွေကို ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးတာတွေ ပြုလုပ်သွားမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက ဧပြီလ ၁၃ ရက်နေ့မှာ ဓာခွဲနမူနာ ၃၀၉ ခု စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးတွေ့ရှိသူ ၂၁ ရှိနေပြီး တစ်နိုင်ငံလုံး အနေနဲ့ ရောဂါကူးစက်ခံရသူ ၆၂ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013