DVB Logo
Home
မြန်မာသတင်း
ချောက်မြို့တွင် လူနာ အမှတ် ၃၃ နှင့် ခြံတဝင်းတည်း နေထိုင်ဖူးခဲ့သူ ၂ ဦးကို စောင့်ကြည့်
DVB
·
April 14, 2020
ချောက်မြို့တွင် လူနာ အမှတ် ၃၃ နှင့် ခြံတဝင်းတည်း နေထိုင်ဖူးခဲ့သူ ၂ ဦးကို စောင့်ကြည့်
Donate to DVB

COVID-19 အတည်ပြုလူနာအမှတ် ၃၃ နဲ့ ခြံတဝင်းတည်း နေထိုင်ခဲ့ဖူးတဲ့ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့က ဇနီးမောင်နှံ နှစ်ဦးကို Facility Quarantineမှာ မနေ့က စတင်စောင့်ကြည့်ထားပြီး နှာခေါင်းနဲ့ အာခေါင် တို့ဖတ်တို့ကို ပေးပို့စစ်ဆေးသွားမှာလို့ ချောက်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။

“လောလောဆယ် ဖျားတာ နာတာ နှာစေး ချောင်းဆိုးတော့မရှိဘူး။ စိုးရိမ်စရာလည်း မရှိဘူး သူတို့ကို နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် ယူဖို့ စီစဉ်ထားတယ်။ အမျိုးသား ဓာတ်ခွဲဌာနကိုလည်း ပို့သွားမယ်၊ သူတို့ပြောပုံအရတော့ ဝင်းတော့တူတယ်၊ အဆောင်တော့ တဆောင်စီလို့ ပြောတယ်။ ဒါကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးကတဆင့် ဘယ်လောက်ဝေးလဲ စုံစမ်းနေတယ်။ အမှတ် ၁ ကျောင်းမှာ သူတို့နဲ့ အားလုံးFacility Quarantine မှာ ၁၂ ယောက်ကို ကျန်မာရေး စောင့်ရှောက်မှု ဆောက်ရွက်နေတယ်”လို့ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။

ချောက်မြို့က အသက် ၃၅ အရွယ် အမျိုးသားတဦးနဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတဦးတို့ ဇနီးမောင်နှံဟာ ရွှေပြည်သာမြို့နယ်က လူနာအမှတ် ၃၃ နဲ့ဝင်းတစ်ခုတည်း နေထိုင်ခဲ့တာဖြစ်ပြီး ဧပြီ ၇ ရက်ညက ရန်ကုန်မှ ချောက်ကို ပြန်လာပြီး ၈ ရက်နေ့က ရောက်ရှိခဲ့တာပါ။ 

အမျိုးသားဟာ အမှတ် ၁၅ ရတနာအိုင့်မှာ နေထိုင်ပြီး အမျိုးသမီးဖြစ်သူကတော့ အမှတ် ၁၀ ပတ္တမြားရပ်မှာ နေထိုင်သူဖြစ်ကာ အတူနေ နှစ်ဖက် မိသားစု ၈ ဦးကိုလည်း လတ်တလောမှာ အသွားအလာ ကန့်သတ်ထားပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၃၃ မှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်နေ အသက် (၂၉)နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး ဧပြီ ၇ ရက်မှ စတင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းတို့ ခံစားရတာကြောင့် ဧပြီ ၁၀ ရက်မှာ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ သူ့ကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး ဓာတ်ခွဲနမူနာ ပေးပို့ စစ်ဆေးခဲ့ရာမှာ ရောဂါစစ်ဆေးတွေ့ရှိရတာပါ။   

သူဟာ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ပြည်ပနိုင်ငံတွေကို ခရီးသွားရာဇဝင် မရှိဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

သတင်း- ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013