DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် သင်္ကြန်ပွဲ ကျင်းပသည့်  မြန်မာအလုပ်သမား ၆၂ ဦး ဖမ်းဆီးခံရ
DVB
·
April 14, 2020
မလေးရှားတွင် သင်္ကြန်ပွဲ ကျင်းပသည့်  မြန်မာအလုပ်သမား ၆၂ ဦး ဖမ်းဆီးခံရ
Donate to DVB

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်၊ ဆီပန်းမြို့နယ်က စက်ရုံခြံဝင်းအတွင်းက အလုပ်သမားအဆောင်မှာ ကျင်းပတဲ့ သင်္ကြန်ပွဲတခုမှာ ပါဝင်ဆင်နွှဲခဲ့တယ်ဆိုတဲ့ သံသယနဲ့ မြန်မာ အလုပ်သမား ၆၂ ဦးကို မလေးရှားရဲတပ်ဖွဲ့က ဧပြီ ၁၃ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

စက်ရုံစီမံအုပ်ချုပ်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စုံစမ်းစစ်ဆေးပြီးနောက်မှာ မြန်မာအလုပ်သမားတွေကို မနေ့မွန်းလွဲ ၂ နာရီလောက်က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာလို့ ဆီပန်းမြို့နယ် ရဲချုပ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မလေးရှား BERNAMA သတင်းမှာ ဖော်ပြပါတယ်။ 

ဖမ်းဆီးရမိသူတွေထဲက ၂ ဦးက သင်္ကြန်ပွဲတော်ကျင်းပပုံကို မိုဘိုင်းဖုန်းနဲ့ ဗွီဒီယိုရိုက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် ဖြန့်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ကြောင်းနဲ့ နောက်ထပ် ရှာဖွေဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း မလေးရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။ 

မြန်မာအလုပ်သမားတွေကို မလေးရှား ရဲတပ်ဖွဲ့က ကူးစက်တတ်သောရောဂါများ တားဆီးထိန်းချုပ်ရေးအက်ဥပဒေနဲ့ ဆက်သွယ်ရေးနဲ့ မာတီမီဒီယာဥပဒေတွေအရ စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

ဧပြီ ၁၂ ရက်နေ့က မြန်မာအလုပ်သမားတွေ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့တဲ့ မိနစ် ၃၀ စာ ဗွီဒီယိုရုပ်သံမှာတော့ နိုင်ငံခြားသားအလုပ်သမားတစုဟာ သီဆိုကခုန်ပြီး  သင်္ကြန်ပွဲ ဆင်နွှဲနေတာ မြင်တွေ့ရပါတယ်။

ဒီလုပ်ရပ်ဟာ  မလေးရှားနိုင်ငံမှာ COVID-19 ရောဂါပျံ့နှံ့မှုကို ဟန့်တားဖို့ အားထုတ်ကြိုးပမ်းနေချိန်မှာ  အသွားအလာ ထိန်းချုပ်ကန့်သတ်ထားတဲ့ အမိန့်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ လူအများက တုံ့ပြန်ပြောဆိုကြတယ်လို့လည်း မလေးရှားသတင်းမှာ ရေးပါတယ်။

ဓာတ်ပုံ- MALAY MAIL

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013