DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်သူများကို အခမဲ့ပို့ဆောင်ပေးနေ
DVB
·
April 13, 2020
ရေးမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်သူများကို အခမဲ့ပို့ဆောင်ပေးနေ
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရေတွင်းတွေမှာ ရေခန်းခြောက်နေတာကြောင့် ရေးမြို့ မိသားစုပရဟိတအသင်းက ဦးဆောင်ကာ သောက်သုံးရေ အခမဲ့ပို့ဆောင်ပေးနေပါတယ်။

အဖွဲ့ပိုင်ရန်ပုံငွေနဲ့ သောက်သုံးရေ အဓိက လိုအပ်နေတဲ့ သက်ဆိုင်ရာဌာနတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ နေအိမ်တွေကို လိုက်လံကူညီပို့ဆောင်ပေးနေတာ လို့ ရေးမြို့မိသားစုပရဟိတအသင်းဥက္ကဌ ကိုအောင်ခန့်ဟိန်းက ပြောပါတယ်။

ခု ရေးမှာ သောက်သုံးရေ မရှိမဖြစ်လိုအပ်နေတဲ့ ပြည်သူ့ဆေးရုံ၊ ဘုန်းတော်ကြီးကျောင်းတွေကို ဦးစားပေးအနေနဲ့ ပို့ဆောင်ပေးနေတယ်။ ဒါပြီးရင် ရပ်ကွက်ထဲက အမှန်တကယ် လိုအပ်ချက်တွေရှိပြီးတော့ အခက်အခဲအတော်ဖြစ်နေတဲ့ နေအိမ်တွေကို ပို့ဆောင်ပေးနေပါတယ်။” 

ရေးမြို့နယ်အတွင်း ရေတွင်းအတော်များများ ရေခန်းခြောက်နေတာမို့ ရေလိုအပ်ချက် အတော်များများရှိနေပြီး တနေ့ကို အနည်းဆုံး သောက်သုံးရေ ဂါလန် ၃၀၀၀ ကျော် လိုက်လံပို့ ဆောင်ပေးနေရတာကြောင့် ရေရှည်မှာ ကားနဲ့ ငွေရေးကြေးရေးဆိုင်ရာ အကူအညီတွေ လိုအပ်လာလိမ့်မယ်လို့ ဆိုပါတယ်။

ရေးမြို့ မိသားစုပရဟိတအသင်းဟာ သောက်သုံးရေအပြင် ရေမလို လက်သန့်ဆေးရည်တွေကိုလည်း သတ်မှတ်စံချိန်စံညွှန်းတွေအတိုင်း ဖော်စပ်ကာ လိုက်လံဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။



ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013