DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားက ရပ်နားထားရသည့် မော်တော်ယာဉ်နှင့် မီးရထားဘူတာ မြင်ကွင်းများ
DVB
·
April 13, 2020
မြစ်ကြီးနားက ရပ်နားထားရသည့် မော်တော်ယာဉ်နှင့် မီးရထားဘူတာ မြင်ကွင်းများ
1 / 9
Donate to DVB

မြစ်ကြီးနားမြို့မှာ အဓိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဖြစ်တဲ့ ‌မီးရထားလိုင်းနဲ့ မော်တော်ကားလိုင်းအများစု ဧပြီလ ၁၀ ရက်နေ့က စပြီး လကုန်ပိုင်းအထိ ရပ်နားထားပါတယ်။

ရပ်နားထားတဲ့ မီးရထားတွဲဆိုင်းတွေကတော့ မနက် ၈ နာရီ ၁၅ မိနစ်မှာ ထွက်တဲ့ အမှတ်-၅၆ အစုန် အထူးအမြန်ရထား၊ မနက် ၁၀ နာရီခွဲမှာ ထွက်တဲ့ လေအိတ်ရထား၊ နေ့လယ် ၁ နာရီခွဲမှာ ထွက်တဲ့ အဲယားကွန်းလေအိတ်ရထား၊ ညနေ ၃ နာရီမှာ ထွက်တဲ့ မြစ်ကြီးနား - မိုးညှင်း RBE ရထား၊ ညနေ ၄ နာရီမှာ ထွက်တဲ့ အမှတ်-၅၈ အစုန် မန္တလာ အထူးအမြန်ရထားနဲ့ မနက် ၄ နာရီ ၄၅ မှာ ထွက်တဲ့ မြစ်ကြီးနား-နဘား လော်ကယ်ရထားတွေ အားလုံး ရပ်နားထားတာ ဖြစ်ပါတယ်။ 

ခရီးသွားလိုသူတွေ အခက်အခဲမဖြစ်စေဖို့ မြစ်ကြီးနားဘူတာကနေ မနက် ၈ နာရီ ၁၅ မှာ ထွက်တဲ့ အမှတ် ၄၁ အဆန် ၊ ၄၂ အစုန် ဒုတိယအမြန်ရထား တစီးပဲ နေ့စဉ် ပြေးဆွဲပေးမှာပါ။

မြစ်ကြီးနားမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းက ယာဉ်လိုင်းတွေလည်း ရပ်နားထားကြပါတယ်။ ဧပြီ ၂၁ ရက်နေ့မှာ ပြေးဆွဲဖို့ စာရင်းပေးထားတယ်လို့ မြစ်ကြီးနားခရိုင် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်း ယာဉ်များ ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။















Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013