DVB Logo
Home
မြန်မာသတင်း
Facility Quarantine နေရာများတွင် မကွေးပရဟိတအဖွဲ့ အလှည့်ကျစနစ်ဖြင့် ကူညီ
DVB
·
April 12, 2020
Facility Quarantine နေရာများတွင် မကွေးပရဟိတအဖွဲ့ အလှည့်ကျစနစ်ဖြင့် ကူညီ
1 / 3
Donate to DVB

ကျန်းမာရေးဝန်ထမ်းတဦး ကိုရိုနာဗိုင်းရပ်စပ် ကူးစက်ခံရပြီးနောက် မကွေးမြို့ပေါ်ရှိ Facility Quarantine ပြုလုပ်တဲ့နေရာတွေမှာ မကွေးပရဟိတအဖွဲ့က အလှည့်ကျစနစ်နဲ့ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

မကွေးပရဟိတအဖွဲ့ ဦးဆောင်သူ ကိုမိုးက “ယခင်က Facility Quarantine camp တွေမှာ ပရဟိတ အဖွဲ့ဝင် ၁၀ ယောက်လောက် အကူအညီပေးရာကနေ ကျန်းမာရေးဝန်ထမ်းတယောက် COVID-19 ရောဂါကူးစက်ခံရပြီးနောက် အဖွဲ့ဝင် ၄ ယောက်လောက်ပါတဲ့ အဖွဲ့ ၅ ဖွဲ့ကနေ တာဝန်ယူ ကူညီပေးမှာ ဖြစ်တယ်။ အဖွဲ့ဝင်တွေအနေနဲ့ Quarantine Camp တွေမှာ တနေ့ ၃ ကြိမ် တာဝန်ယူ ကူညီနေပြီး ဒီနေ့ဆိုရင် ၁၈ ရက်ရှိပါပြီ။ အလှူရှင်တွေနဲ့ ချိတ်ဆက်ပေးပြီး ပြည်တော်ပြန်တွေရဲ့ လိုအပ်ချက်တွေကို ဟာကွက်မရှိအောင် ဖြည့်ဆည်းကူညီပေးနေတာပါ” လို့ ပြောပါတယ်။

Quarantine ပြုလုပ်တဲ့နေရာကနေ စောင့်ကြည့်သံသယ လူနာ ၃ ဦးကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ရောဂါပိုး မတွေ့ရှိကြောင်း၊ လက်ရှိအချိန်ထိ ပြည်သူ လှူဒါန်းတဲ့ ရန်ပုံငွေ ၁၇ သိန်းကို အသုံးပြုကာ လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေ ခွဲဝေပေးထားတယ်လို့ ဆိုပါတယ်။

အစိုးရအဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်အောင်လည်း အဖွဲ့ပေါင်း ၁၇ ဖွဲ့ ပါဝင်တဲ့ Covid-19 ကာကွယ်ထိန်းချုပ်ရေး ပရဟိတအဖွဲ့ ဖွဲ့စည်းကာ အသိပညာပေးတာတွေ၊ လှူဒါန်းမှုတွေ၊ လူနာ သယ်ယူပို့ဆောင်ပေးတာတွေ ကူညီဆောင်ရွယ်ပေးနေတယ်လို့ သိရပါတယ်။



မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013