DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်အတွင်း ညွှန်ကြားချက်မလိုက်နာသည့် အရက်၊ ဘီယာဆိုင်များကို အရေးယူတော့မည်
DVB
·
April 12, 2020
မွန်ပြည်နယ်အတွင်း ညွှန်ကြားချက်မလိုက်နာသည့် အရက်၊ ဘီယာဆိုင်များကို အရေးယူတော့မည်
Donate to DVB

မွန်ပြည်နယ်အတွင်း ပိတ်သိမ်းဖို့ ညွှန်ကြားထားတဲ့ အရက်၊ ဘီယာဆိုင်တွေအနေနဲ့ ခံဝန်လက်မှတ်ရေးထိုးပြီး နောက်တကြိမ် ကျူးလွန်ရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူတော့မယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ပြောပါတယ်။ 

မွန်ပြည်နယ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် သင်္ကြန်ကာလအတွင်းမှာ အရက်၊ ဘီယာဆိုင်တွေ ပိတ်သိမ်းထားဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့က ဧပြီ ၈ ရက်နေ့ကတည်းက ညွှန်ကြားထားပါတယ်။

ဒါပေမဲ့ အခုအခါ အရက်၊ ဘီယာဆိုင်တချို့ဟာ ဖွင့်လှစ်ရောင်းချနေလို့ ခံဝန်လက်မှတ်ထိုးခိုင်းထားပါတယ်။ နောက်တကြိမ် ကျူးလွန်ရင်တော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူတော့မယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။

အရက်၊ ဘီယာ ရောင်းချတဲ့ ဆိုင်တွေကို အရေးယူရင် အားလုံး အလုပ်ရှုပ်မယ့် ကိစ္စရပ် ဖြစ်တဲ့အတွက်ကြောင့် ညွှန်ကြားချက်အတိုင်း လိုက်နာပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်နယ်တဝန်းရှိ စားသောက်ဆိုင်နဲ့ ထမင်းဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့ပဲ ရောင်းချဖို့ ညွှန်ကြားထားတာပြီး မလိုက်နာရင် ဥပဒေအတိုင်း အရေးယူဖို့ စီစဉ်နေပါတယ်။

လက်ရှိမှာတော့ အရက်၊ ဘီယာဆိုင်တွေ ပိတ်သိမ်းပေးဖို့ ရပ်ကွက်၊ ကျေးရွာအတွင်းမှာ အသံချဲ့စက်နဲ့ သတိပေးနေတယ်လို့ မော်လမြိုင်မြို့နယ် စစ်ကဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်က ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ အရက်၊ ဘီယာဆိုင်တွေကို ဧပြီ ၁၀ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ပိတ်သိမ်းထားပေးဖို့ ပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားထားတာ ဖြစ်ပြီး၊ KTV နဲ့ အနှိပ်ခန်းအပြင် အပန်းဖြေစခန်း အားလုံးကို ဧပြီ ၃၀ ရက်နေ့အထိ ပိတ်သိမ်းခိုင်းထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013