DVB Logo
Home
မြန်မာသတင်း
ပလက်ဝမြို့ စည်ပင်ဝန်ထမ်းတဦးကို အေအေအဖွဲ့ ဖမ်းဆီးခေါ်ဆောင်
DVB
·
April 12, 2020
ပလက်ဝမြို့ စည်ပင်ဝန်ထမ်းတဦးကို အေအေအဖွဲ့ ဖမ်းဆီးခေါ်ဆောင်
Donate to DVB

ပလက်ဝမြို့ စည်ပင်ဝန်ထမ်းတဦးကို ရက္ခိုင့်တပ်မတော်(အေအေ)အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။ 

အေအေနဲ့ တပ်မတော်တို့ကြား ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းက ပလက်ဝမြို့ ပတ်ပတ်လည်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီတိုက်ပွဲတွေကြောင့် ပလက်ဝမြို့ဧရိယာထဲရှိ ခရစ်ယာန်ဘုရားကျောင်းအနီး တောင်ကုန်းပေါ်ကို လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အပိုင်းအစတွေဟာ ပလက်ဝမြို့ ရဲစခန်းနဲ့ ဈေးနားအထိ ကျရောက်ခဲ့တယ်လို့ ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် အသက် ၄၀ နဲ့ ၅၀ကြားရှိ စည်ပင်ဝန်ထမ်းတဦးကို အေအေအဖွဲ့က ညပိုင်းမှာ လာရောက်ဖမ်းဆီးသွားပြီး ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ သူက ပြောပါတယ်။ 

အစိုးရက အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားတဲ့အတွက် အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အေအေဘက်ကို ဆက်သွယ်မေးမြန်းဖို့ ဥပဒေကြောင်းအရ အခက်အခဲတွေ ရှိနေပါတယ်။

တိုက်ပွဲတွေကြောင့် ပလက်ဝမြို့မှာ ဧပြီ ၁၁ ရက်နေ့ ညနေပိုင်းထိ စစ်ဘေးရှောင် အိမ်ထောင်စု ၈၄၀၊ လူဦးရေ ၃၆၅၇ ဦး၊ ဆမီး မှာ အိမ်ထောင်စု ၆၇၆၊ လူဦးရေ ၂၈၄၁ ဦးရှိနေပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013