DVB Logo
Home
မြန်မာသတင်း
ပြည်ပကပြန်လာသူများ ၂ ပတ် ထပ်မံ အသွားအလာ ကန့်သတ်နေ‌ပေးရန် မွန် ကျန်းမာရေးဌာန မေတ္တာရပ်ခံ 
DVB
·
April 12, 2020
ပြည်ပကပြန်လာသူများ ၂ ပတ် ထပ်မံ အသွားအလာ ကန့်သတ်နေ‌ပေးရန် မွန် ကျန်းမာရေးဌာန မေတ္တာရပ်ခံ 
1 / 2
Donate to DVB

Facility Quarantine Camp တွေမှာ ၁၄ ရက်အကြာ စောင့်ကြည့်ခံခဲ့တဲ့ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေအနေနဲ့ နေအိမ်မှာ နောက်ထပ် ၂ ပတ်အကြာ အသွားအလာကန့်သတ်ပြီး နေထိုင်ပေးကြဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မေတ္တာရပ်ခံလိုက်ပါတယ်။

မွန်ပြည်နယ်မှာ ပြည်ပနိုင်ငံတွေက ပြန်လာသူ ၁၅,၀၀၀ ကျော် ရှိပြီး အဲဒီထဲကနေ လူပေါင်း ၈,၀၀၀ လောက်ကို Facility Quarantine Camp တွေမှာ ၁၄ ရက်အကြာ စောင့်ကြည့်ပြီး နေအိမ် ပြန်ခွင့်ပေးထားပါတယ်။

ဒါပေမဲ့ အခုအခါ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးဟာ ရက်ပေါင်း ၂၀ လောက်မှာသာ ရောဂါပိုးတွေ့ရှိနေတဲ့အကြောင့် နေအိမ်ပြန်သွားတဲ့သူတွေအနေနဲ့ နောက်ထပ် ၁၄ အကြာ အသွားအလာကန့်သတ်ပြီး နေထိုင်ပေးကြဖို့ မေတ္တာရပ်ခံထားတာလို့ မွန်ပြည်နယ် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။



လက်ရှိမှာတော့ Facility Quarantine Camp တွေမှာ နေထိုင်နေတဲ့သူတွေကို ၁၄ ရက်အကြာ စောင့်ကြည့်တဲ့ နေရာကနေ ၂၁ ရက်အကြာ စောင့်ကြည့်သွားဖို့ စီစဉ်နေတာပါ။ 

နေအိမ်ပြန်ခွင့်ပေးလိုက်တဲ့သူတွေအနေနဲ့ ညွန်ကြားချက်တွေကို မလိုက်နာလို့ အရေးယူရင် ထောင်မဆံ့တဲ့အတွက်ကြောင့် ကိုယ့်အသိစိတ်နဲ့ကိုယ် လိုက်နာပေးဖို့ လိုတယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ နိုင်ငံရပ်ခြားက ပြန်လာတဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးက နေရပ်တွေကို ပြည်နယ်တဝန်းမှာ Facility Quarantine Camp ပေါင်း ၄၈၄ ကျော် ဖွင့်လှစ်ပြီး စောင့်ကြည့်နေတာပါ။ 

မွန်ပြည်နယ်မှာ မတ် ၂၀ ရက်နေ့ကနေ ဧပြီ ၁၀ ရက်အထိ စောင့်ကြည့်လူနာ သေဆုံးသူ ၁၀ ဦးအထိ ရှိလာပြီလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝတ်မှုံက အတည်ပြုထားပါတယ်။

သေဆုံးသူ ၈ ဦးမှာ COVID-19 ရောဂါပိုး မတွေ့ထားသူတွေ ဖြစ်ပြီး ကျန် ၂ ဦးရဲ့ အဖြေကိုတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ပို့ဆောင် စစ်ဆေးထားပါတယ်။ မွန်ပြည်နယ်က ဆေးရုံတွေမှာ စောင့်ကြည့်လူနာ ၂၈ ဦး ရှိတယ်လို့ သိရပါတယ်။

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013