DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း ဆေးရုံများတွင် စောင့်ကြည့်သံသယလူနာ ၁၅  ဦးသာ ကျန်ရှိ
DVB
·
April 12, 2020
မကွေးတိုင်း ဆေးရုံများတွင် စောင့်ကြည့်သံသယလူနာ ၁၅  ဦးသာ ကျန်ရှိ
1 / 2
Donate to DVB

မကွေးတိုင်းအတွင်းရှိ ဆေးရုံတွေမှာ ဧပြီလ ၁၁ ရက်နေ့ထိ စောင့်ကြည့်သံသယလူနာ ၁၅ ဦးသာ ရှိတော့တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။

လက်ရှိ တိုင်းဒေသကြီးတခုလုံးက ဆေးရုံတွေမှာ ၁၅ ဦး ကျန်ရှိနေပြီး ဧပြီလ ၁၁ ရက်နေ့ ညမှာ မင်းဘူးဆေးရုံက ၁ ဦးနဲ့ သရက်ဆေးရုံက ၁ ဦး ရောဂါပိုးမတွေ့ရှိပါဘူး။ ဧပြီ ၁၂ ရက်နေ့မှာတော့ စောင့်ကြည့်လူနာ ၄ ဦးရဲ့ လည်ချောင်းတို့ဖတ်နဲ့ နှာခေါင်းတို့ဖတ်တွေကို ဓာတ်ခွဲနမူနာ ပေးပို့သွားမှာဖြစ်တယ်။" 

စောင့်ကြည့်သံသယလူနာ လူနာ ၅၀ ကျော်လောက်ကို ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးရာမှာ ရောဂါပိုး မတွေ့ရှိဘဲ စောင့်ကြည့်ကာလ ၁၄ ရက်ပြည့်ပြီဖြစ်တာကြောင့် ဆေးရုံဆင်းခွင့်ပေးလိုက်ပြီလို့ ဆိုပါတယ်။

“ပြည်သူလူထုကိုတော့ နေအိမ်အပြင်မထွက်ဖို့၊ လက်ဆေးဖို့၊ လူစုလူဝေး ရှောင်ရှားဖို့ ထပ်ခါထပ်ခါ မှာချင်ပါတယ်" ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။

မကွေးတိုင်းအတွင်းမှာ ပြည်ပနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူ ၁၄၀၀၀ လောက်ကို Facility Quarantine ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဧပြီလ ၁၁ ရက်နေ့ညထိ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ ၃၁ ဦးရှိတဲ့ထဲက ၃ ဦး သေဆုံးခဲ့တယ်လို့ ကျန်မာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။



မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013