DVB Logo
Home
မြန်မာသတင်း
အင်းတော်က အခြေခံလူတန်းစား အိမ်ထောင်စု ၆၀၀၀ ကျော်ကို စားသောက်ကုန်များ ထောက်ပံ့
DVB
·
April 11, 2020
အင်းတော်က အခြေခံလူတန်းစား အိမ်ထောင်စု ၆၀၀၀ ကျော်ကို စားသောက်ကုန်များ ထောက်ပံ့
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စု ၆ ထောင်ကျော်ကို ဧပြီ ၁၀ ရက်နေ့စတင်ပြီး စားသောက်ကုန် ထောက်ပံ့ပေးနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းတန်က ပြောပါတယ်။

အင်းတော်မြို့နယ်မှာ ကျေးရွာအုပ်စု ၅၀၊ ကျေးရွာပေါင်း ၁၅၉ ရွာ၊ အိမ်ထောင်စု ၂၃၂၉၆ စု လူဦးရေ ၁၂၈၅၂၃ ဦး အိမ်ခြေ ၂၃၂၇၉ ထဲက စိစစ်ရွေးချယ်ခဲ့ပြီး အိမ်ထောင်စု ၆၁၃၀ ကို စတင် ထောက်ပံ့ပေးနေတာလို့ ဆိုပါတယ်။

အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက “ကျနော်တို့မှာ အချိန်နဲ့တပြေးညီ စိစစ်ရွေးချယ်ရတဲ့အတွက် ကျန်ခဲ့တာတွေရှိပါတယ်၊ ကျန်ခဲ့သူတွေကို ထပ်တိုးစာရင်းနဲ့ ထောက်ပံ့ပေးသွားမယ်” လို့ ပြောပါတယ်။

အင်းတော်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား ၆၁၃၀ အတွက် အစိုးရကထောက်ပံ့တဲ့ ဆန် ၈ ပြည်၊ ဆား ၅၀ သား၊ ကြက်သွန် ၁ ပိဿာ၊ ဆီ ၅၀ သား၊ ကုလားပဲ ၁ ပိဿာစီ ထောက်ပံ့ပေးခဲ့တာပါ။



ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013