DVB Logo
Home
မြန်မာသတင်း
ရေဦးဆေးရုံ၌ ၉ လအရွယ် ကလေးငယ် သေဆုံးမှု ဓာတ်ခွဲစစ်ဆေး
DVB
·
April 11, 2020
ရေဦးဆေးရုံ၌ ၉ လအရွယ် ကလေးငယ် သေဆုံးမှု ဓာတ်ခွဲစစ်ဆေး
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ကနေ ရေဦးဆေးရုံကို လာရောက်ဆေးကုသမှု ခံယူနေတဲ့ ၉ လအရွယ် ကလေးငယ် ၁ ဦး ၁ ရက်မပြည့်ခင်မှာ သေဆုံးသွားပါတယ်။ 

ဧပြီ ၉ ရက်နေ့ညက ရေဦးမြို့ ပြည်သူ့ဆေးရုံကြီးကို ဝမ်းလျှောတာ၊ ဖျားတာ၊ အသက်ရှူကျပ်တာ စတဲ့ရောဂါလက္ခဏာတွေနဲ့ ဆေးကုသမှု လာရောက်ခံယူခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့မှာတော့ သေဆုံးသွားတာပါ။

ကလေးငယ်က အရင်ကလည်း နေမကောင်းဖြစ်လို့ ဆေးရုံတက်တာတွေ ရှိတယ်လို့ သိရပါတယ်။ ရေဦးမြို့ဆေးရုံကို ဆက်သွယ်မေးမြန်းရာမှာတော့ ကလေးငယ်ရဲ့ ပတ်ဝန်းကျင်မှာ ရန်ကုန်က ပြန်လာသူတချို့တော့ ရှိတယ်လို့ ဆိုပါတယ်။ ရေဦးမြို့နယ် ဆရာဝန်ကြီးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ 

လောလောဆယ်တော့ ကလေးက ဘာကြောင့် သေတယ်ဆိုတာကိုလည်း မသိရသေးဘဲ မိဘတွေကိုလည်း ထိတွေ့ဆက်ဆံခဲ့မှု ရာဇဝင်တွေကို မေးမြန်းကာ နောက်ကြောင်းရာဇဝင်ရယူနေတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာန အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာကျော်သူဆွေက ပြောပါတယ်။

“ဖြစ်စဉ်ကတော့ မှန်ပါတယ်။ နေ့လယ်ခင်းက စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားတာပေါ့။ ကျနော် သိသလောက်ကတော့ ဓာတ်ခွဲစစ်ဆေးဖို့ နမူနာယူလိုက်တယ်။ မနက်ဖြန်တော့ ပို့မယ်ပြောတယ်။ ပုံမှန်ကတော့ သံသယပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် လမ်းညွှန်ချက်မှာတော့ ပက်ကေ့ကောင်းကောင်းပိတ်ပြီး သင်္ဂြိုဟ်ပေးရတာ။ စောင့်ကြည့်လူနာ သတ်မှတ်ရင် ရင်မခွဲရဘူးဆိုတာလည်း ညွှန်ကြားထားတယ်။ အကာအကွယ်အပြည့်နဲ့ သင်္ဂြိုဟ်ရယ်လို့ ရှိပြီးသား”လို့ ပြောပါတယ်။

ဒါ့အပြင် ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းကလည်း မုံရွာမြို့ရုံကြီးရပ်ကွက်မှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦး ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ့ရလို့ မုံရွာ ခုတင် ၅၀၀ ဆံ့ ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိပြီး ဓာတ်ခွဲနမူနာပေးပို့ဖို့ လုပ်ဆောင်နေပါတယ်။

“လူကတော့ အကောင်းပါ။ ဆေးရုံကြီးမှာပေါ့။ စောင့်ကြည့်သံသယလူနာပါ။ စစ်တာက မနက်ဖြန်၊ သန်ဘက်ခါလောက်မှ သိရမှာ။ ဒါလည်း ဖြစ်စဉ်က ဟုတ်ပါတယ်” လို့ ဒေါက်တာကျော်သူဆွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ စောင့်ကြည့်သံသယလူနာ ၃၃ ဦးရှိပြီး အများစုက Case 1, Case 23 တို့နဲ့ ထိစပ်မှုရှိခဲ့တဲ့ ကလေးမြို့က အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ 

ပြည်ပက ပြန်လာပြီး ၁၄ ရက်စောင့်ကြည့်လို့ ရောဂါလက္ခဏာမတွေ့ရဘဲ ကောင်းမွန်နေသူတွေကိုလည်း စည်းကမ်းချက်တွေနဲ့ ကျန်းမာရေးက ထောက်ခံချက်ပေးကာ နေအိမ်ပြန်ခိုင်းတာတွေလည်း ရှိပါတယ်။ စစ်ကိုင်းတိုင်းအတွင်း Facility/Home Quarantine စောင့်ကြည့်ခံရသူ ၈၀၀၀ ဝန်းကျင်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013