DVB Logo
Home
မြန်မာသတင်း
Quarantine စခန်းကို လေးခွဖြင့်လာရောက်ပစ်ခတ်သည့် အမျိုးသား ၆ ဦးကို အမှုဖွင့်
DVB
·
April 10, 2020
Quarantine စခန်းကို လေးခွဖြင့်လာရောက်ပစ်ခတ်သည့် အမျိုးသား ၆ ဦးကို အမှုဖွင့်
Donate to DVB

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာ အုပ်စု၊ ရွှေကျင်ကွက်သစ်ရပ်ကွက်မှာ COVID-19 ကာကွယ်ဖို့ quarantie စောင့်ကြည့်စခန်းဖွင့်ထားတဲ့ လူမှုကူညီရေးရုံးကို လောက်လေးခွတွေနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့ အမျိုးသား  ခြောက်ဦးကို အမှုဖွင့်အရေးယူ ထားတယ်လို့ သိရပါတယ်။

ဧပြီ ၈ ရက် မွန်းလွဲ ၃ နာရီကျော်က ဆိုင်ကယ် သုံးစီးနဲ့ အမျိုးသား ခြောက်ဦးဟာ ခရီးမှပြန်လာသူတွေကို ၁၄ ရက်စောင့်ကြည့်ဖို့ လုပ်ဆောင်ထားတဲ့ အေးငြိမ်းနိဗ္ဗာန် လူမှုကူညီရေး အသင်းရုံးကို လေးခွတွေနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး လူမှုကူညီရေးအသင်းရဲ့ ကားကိုလည်း ထုခွဲသွားခဲ့တာပါ။

လေးခွနဲ့ပတ်ခတ်မှုကြောင့် ပြည်တွင်းမှာ ခရီးသွားပြီး ပြန်လာရာက ၁၄ ရက် စောင့်ကြည့်မှု ခံယူနေတဲ့ အမျိုးသားနှစ်ဦးဟာ လေးခွ ထိမှန်ကာ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အောင်ချမ်းသာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးဦးမောင်မောင်က "မနေ့ကတည်းက တိုင်တန်း ထားတယ်၊ ဒဏ်ရာရတာတော့ နှစ်ယောက်ရှိတယ်။ ရွာရပ်ကနေ စီမံပေးတဲ့ စီမံမှုပြုတဲ့နေရာမှာ အဖျက်အမှောင့် လာလုပ်တယ်။ မကူညီချင်နေ လာပြီးနှောင့်ယှက်တဲ့ အတိုင်းအတာတော့ ဘဝင်မကျဘူးပေါ့ ၊ ထိုက်တန်တဲ့ အပြစ်တော့ပေးစေချင်တယ်" လို့ ပြောပါတယ်။

အဲ့ဒီ အရင်ရက်ကလည်း လူမှုကူညီရေးရုံးကို လေးခွနဲ့ လာရောက်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

အေးငြိမ်းနိဗ္ဗာန် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဝင်းကြိုင်က"ဒီတစ်ခါတော့ ရုံးထဲကို လာပြီးတော့ ပစ်တာတော့ တော်တော်လေးဆိုးလို့ ကလေးတွေလည်း ဒဏ်ရာရတယ်လေ။ အာဏာကလည်းအပြည့်အဝပေးထားတာ မရှိဘူးလေ၊ သူတို့လုပ်ရင် ကိုယ်လုပ်မယ်ဆိုရင် ကိုယ်ပဲအဖမ်းခံရမှာပဲရှိမှာ၊ ကားတွေလည်းထုသွားတယ်၊ အများပြည်သူကလှူထားတဲ့ကားတွေ ပိုပြီးစိတ်တိုတာပေါ့"လို့ ပြောပါတယ်။

လေးခွနဲ့ ပတ်ခတ်သူ ၆ ဦးထဲက ၄ ဦးကို ဖမ်းမိထားကြောင်းနဲ့ ဖမ်းမိထားသူ ၄ ဦးဟာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူငယ်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကျန်ဦးနှစ်ကိုလည်း ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လေးခွနဲ့ပစ်ခတ်သူ ၆ ဦးကို ပုသိမ်ကြီးမြို့မ ရဲစခန်းမှာ သဘောဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ ၂၅ အရ အမှုဖွင့်ထားပါတယ်။

သတင်း - ထိန်ထိန်လင်း၊ ဓာတ်ပုံ-သက်နိုင်ထွန်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013