DVB Logo
Home
မြန်မာသတင်း
နေအိမ်တွင်ကျင်းပမည့် စိုင်းစိုင်းခမ်းလှိုင် ၄၁ နှစ်ပြည့် မွေးနေ့ရှိုးပွဲ အွန်လိုင်းကကြည့်ရှုနိုင်
DVB
·
April 10, 2020
နေအိမ်တွင်ကျင်းပမည့် စိုင်းစိုင်းခမ်းလှိုင် ၄၁ နှစ်ပြည့် မွေးနေ့ရှိုးပွဲ အွန်လိုင်းကကြည့်ရှုနိုင်
Donate to DVB

       ဒီကနေ့မှာ ကျရောက်တဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ အဆိုတော် စိုင်းစိုင်း ခမ်းလှိုင်ရဲ့ မွေးနေ့ရှိုးပွဲကိုတော့ အိပ်ခန်းထဲမှ ဖျော်ဖြေပွဲအသွင် ကျင်းပသွားမှာ ဖြစ်ပါ တယ်။

       အသက် ၄၁ နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ မွေးနေ့အထိမ်းအမှတ် ဖျော် ဖြေပွဲတွေကို နှစ်စဉ် ခမ်းခမ်းနားနား ကျင်းပလာခဲ့တာဖြစ်ပြီး လတ်တလော COVID-19 ကပ်ရောဂါကြောင့် ခုလိုကျင်းပဖို့ ဆုံးဖြတ်ခဲ့ တာ ဖြစ်ပါတယ်။

“Sai Sai Birthday Show” in Bedroom လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကို တော့ UAB Bank နဲ့ ပူးပေါင်းလုပ်ဆောင်ထားတဲ့ Sai Sai Pay အပလီကေးရှင်းကနေတဆင့် အခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စိုင်းစိုင်းလို့ ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် အဆိုတော် စိုင်းစိုင်းခမ်း လှိုင်ဟာ ပြီးခဲ့တဲ့ တနှစ်တာအတွင်း အနုပညာလှုပ်ရှားမှုတွေနဲ့အတူ ပရိသတ်ရဲ့ နှလုံး သားကို သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်လောက်ကတည်းက အနုပညာလောကထဲကို မော်ဒယ်လ်ဘဝနဲ့ စ တင်ဝင်ရောက်ခဲ့သူ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံးထွက်ရှိခဲ့တဲ့  ချောကလက်ရောင် ရေခဲအိပ်မက် တေးစီးရီးနဲ့ စတင်လူသိများလာခဲ့တာပါ။

အဲဒီနောက်မှာတော့ သူငယ်ချင်းများစွာ၊ ဖေဖော်ဝါရီမှတ်တမ်း၊ Sai Sai Live Show၊ စိုင်းစိုင်းဟုခေါ်သည်၊ Happy Sai Sai Birthday၊ အမြဲတမ်းဂေါ်လီ Ever Golli၊ ဒိတ်ဒိတ်ကြဲ စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းခွေပေါင်း များစွာမှာလည်း သီဆိုအောင်မြင်ခဲ့သူပါ။

စက္ကူငှက်၊ ကံကိုဆွဲ၍ မှုန်းသီခြယ် မင်ရည်ကျဲ၏ မကျဲ၏ စတဲ့ ကိုယ်တိုင်ရေး ဝတ္ထုတွေလည်း ထွက်ရှိခဲ့ဖူးတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်၊ အေဒင်ရဲ့ ကချေသည်၊ ကြာတော့သည်လည်း မောင့်စကား စတဲ့ နာမည်ကြီး ရုပ်ရှင်ကား တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး သိပ်မကြာခင်ကတော့ သူကိုယ်တိုင်ထုတ်လုပ်ခဲ့တဲ့ ပိတောက်ကတဲ့ဂီတရုပ်ရှင်ကားကိုလည်း ရုံတင်ပြသနိုင်ခဲ့တာပါ။

သူဟာ တခြားစီးပွားရေးတခုအနေနဲ့ နှုတ်ခမ်းနီမလေးတွေအကြိုက် Sai နှုတ်ခမ်း နီကိုလည်း ထုတ်လုပ်ခဲ့ကာ လက်ရှိအချိန်ထိ ပရိသတ်ရဲ့ အခိုင်အမာအားပေးမှုကို ဆယ် စုနှစ်နဲ့ချီ ရရှိထားခဲ့သူတဦး ဖြစ်ပါတယ်။

သူ့ရဲ့ တနှစ်နဲ့တနှစ် မတူအောင် ကွဲပြားခြားနားတဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ ဖျော်ဖြေခဲ့တဲ့ မွေးနေ့ရှိုးတွေဟာလည်း အောင်မြင်ခဲ့ပါတယ်။

       အခုနှစ် အိပ်ခန်းထဲက ရှိုးပွဲနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ ပရိသတ်တွေနဲ့ ဖေ့စ် ဘွတ်ခ်ကနေ တိုက်ရိုက်လိုက်ဖ်လွှင့်ပြီး ရင်းရင်းနှီးနှီး ဆက်သွယ်ပြောဆိုခဲ့တာပါ။

       သူ့ရဲ့ မွေးနေ့ရှိုးပွဲကို ကြည့်ရှုရင်း ပရိသတ်တွေအနေနဲ့ COVID-19 ဗိုင်းရပ်စ်တိုက် ဖျက်ရေးဆိုင်ရာ လုပ်ငန်းရန်ပုံငွေအဖြစ် လှူဒါန်းမှုတွေ ပြုလုပ်နိုင်သလို စိုင်းစိုင်းအနေနဲ့ ဒီပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေတွေအားလုံးကို COVID-19 ကယ်ဆယ်ရေးအတွက် ရန်ပုံ‌ငွေနဲ့ တခြားလိုအပ်တဲ့ နေရာတွေဆီ လှူဒါန်းသွားမှာဖြစ်ပါတယ်။

လတ်တလောအချိန်ထိ SAISAI BIRTHDAY SHOW in Bedroom အစီအစဉ်မှ တဆင့် လှူဒါန်းဖို့ American Vision မျက်မှန်မှ သိန်း ၂၀၊ Air-X ( Medimyanmar) မှ သိန်း ၃၀ နဲ့ Cherry FM မှ သိန်း ၃၀ လှူဒါန်းထားကြောင်းလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ်မှတဆင့် ဖော်ပြထားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013