DVB Logo
Home
မြန်မာသတင်း
COVID- 19 Call center ကို စတင်ခေါ်ဆိုမေးမြန်းနိုင်
DVB
·
April 9, 2020
Donate to DVB

ဧပြီ ၉ ရက် မနက် ၈ နာရီက စတင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ COVID-19 Call center စတင် အသုံးပြုနေပြီလို့ သိရပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံးက ပြည်သူတွေသိချင်တဲ့ မေးခွန်းတွေကို Call center က ဖြေကြားပေးသွားမှာဖြစ်ပြီး နံပါတ် 2019 ကို  Free call အနေနဲ့ ခေါ်ဆိုမေးမြန်းနိုင်ပြီ ဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်ရောဂါဟာ ၂၀၁၉ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့အတွက် Call Center နံပါတ်ကို 2019 အနေနဲ့ သတ်မှတ်ထားတာပါ။ 

ပြည်သူလူထုအနေနဲ့ Call center ကို ဖုန်းဆက်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်တဲ့ သိချင်တဲ့ သတင်းအချက်အလက်တွေ ရောဂါဆိုင်ရာလက္ခဏာတွေ၊ ရောဂါပိုးကူးစက် မခံရအောင် နေထိုင်လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်သလို မိမိပတ်ဝန်းကျင်မှာ သံသယလူနာတွေ တွေ့ရှိရင်လည်း Call Centerကို ဆက်သွယ် အကြောင်းကြားနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013