DVB Logo
Home
မြန်မာသတင်း
နီနီခင်ဇော်နှင့် ဝိုင်းစုခိုင်သိန်းတို့ သီဆိုသည့် “အိပ်မက်ဆိုးကနိုးစေ” သီချင်း (ရုပ်သံ)
DVB
·
April 9, 2020
နီနီခင်ဇော်နှင့် ဝိုင်းစုခိုင်သိန်းတို့ သီဆိုသည့် “အိပ်မက်ဆိုးကနိုးစေ” သီချင်း (ရုပ်သံ)
Donate to DVB

       “Stay at home… Stay at home… ဒီအချိန်တို့ရဲ့ စိတ်တွေ လဲပြိုမယိုင်စေနဲ့… Stay at home… Stay at home… အိပ်မက်ဆိုးက နိုးစေ… Stay at home”

       ဒါကတော့ လတ်တလောအသစ်ထွက်ရှိလာတဲ့ COVID-19 ပညာပေးသီချင်းတပုဒ် ဖြစ်ပြီး ပရိသတ်အချစ်တော် အဆိုတော် ၂ ဉီးဖြစ်ကြတဲ့ နီနီခင်ဇော်နဲ့ ဝိုင်းစုခိုင်သိန်းတို့က သီဆိုပေးထားကြတာ ဖြစ်ပါတယ်။

       “အိမ်မှာနေပါ… အိမ်မှာနေပါ… လိမ်လိမ်မာမာ အိမ်မှာ အိမ်မှာနေပါ… အိမ်မှာနေပါ… အိမ်မှာနေပါ… လိမ်လိမ်မာမာ အိမ်မှာ အိမ်မှာနေပါ”

       “အိပ်မက်ဆိုးကနိုးစေ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ဝါရင့် တေးရေးဆ ရာတဦးဖြစ်တဲ့ ရွှေဂျော်ဂျော်က ရေးဖွဲ့ပေးထားခဲ့တာဖြစ်ပြီး သူ့ရဲ့ မူပိုင်မြူးကြွတဲ့ တေး သွားမယ်လိုဒီတွေနဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

       “အိမ်မှာနေတာ မင်းအတွက်ကောင်းမယ်… အိမ်မှာနေတာ အများအတွက် ကောင်းမယ်… အိမ်မှာနေတာ အားလုံးအသက်ကို ကယ်တင်တာပါပဲ… အိမ်အပြင်မှာဆို ဗိုင်းရပ်စ်များနဲ့… ကမ္ဘာမြေပြင်ဟာ ဗိုင်းရပ်စ်များနဲ့… အိမ်မှာနေတာ အားလုံးအတွက် ကူညီခြင်း ဖြစ်လိမ့်မယ်”

ကမ္ဘာ့ကပ်ရောဂါတခုလိုဖြစ်လာနေတဲ့ COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု ထိန်း ချုပ်ရာမှာ အဓိကကျတဲ့ တကိုယ်ရေသန့်ရှင်းမှုနဲ့ လူစုလူဝေးပွဲလမ်းသဘင်တွေကို ရှောင် ကြဉ်ကြပြီး အိမ်မှာ နေထိုင်ကြဖို့အတွက် အနုပညာရှင်တွေက ပညာပေးသီချင်းပေါင်း များစွာနဲ့အတူ ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်တင်ဆက်နေကြတာ ဖြစ်ပါတယ်။

       လတ်တလောအသစ်ထွက်ရှိလာတဲ့ ဒီသီချင်းကိုတော့ Lyrics Video အနေနဲ့ Tay Than Thar Music မှတဆင့် တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

       “လက်ကိုဆေး လက်ကိုဆေး ဆေးပါ စက္ကန့် ၂၀ အထိကွယ်… မင်းမျက်လုံး မင်းရဲ့ နှာခေါင်း မင်းရဲ့ ပါးစပ်ကို မကိုင်လိုက်နဲ့… တို့ကမ္ဘာမယ်… တကယ်ကို ဗိုင်းရပ်စ်များ အ ပြည့်နဲ့… တယောက်ကိုတယောက် ၃ ပေလောက်… ခုချိန် ဝေးဝေးနေကြမယ်… ဝ အောင်စား… ဝအောင်နား… တနေ့ကို ၈ နာရီအိပ်ကွယ်… လေ့ကျင့်ခန်း အချိန်မှန်မှန် လည်း လုပ်ကြမယ်”

       မြန်မာနိုင်ငံမှာတော့ လတ်တလောအချိန်ထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရ သူ ၂၂ ဦးရှိပြီး သေဆုံးသူ ၃ ဦးထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

       သက်ဆိုင်ရာ အစိုးရ ကျန်းမာရေးဌာနက အသိပေးထုတ်ပြန်ချက်တွေ၊ ဆောင်ရန် ရှောင်ရန်တွေနဲ့အတူ သိသင့်တဲ့ သတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးနေပါတယ်။

       “Stay at home… Stay at home… ဒီအချိန်တို့ရဲ့ စိတ်တွေ လဲပြိုမယိုင်စေနဲ့… Stay at home… Stay at home… အိပ်မက်ဆိုးက နိုးစေ… Stay at home”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013