DVB Logo
Home
မြန်မာသတင်း
ထွေအုပ်ဝန်ထမ်း ၁ ဦး COVID-19 ရောဂါကြောင့် အသက်ဆုံးရှုံးရမှုအပေါ် ဝမ်းနည်းကြောင်း ထုတ်ပြန်
DVB
·
April 9, 2020
ထွေအုပ်ဝန်ထမ်း ၁ ဦး COVID-19 ရောဂါကြောင့် အသက်ဆုံးရှုံးရမှုအပေါ် ဝမ်းနည်းကြောင်း ထုတ်ပြန်
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းတစ်ဦး အသက် ဆုံးရှုံးရမှုအပေါ် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း  ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ“ အထွေထွေအုပ်ချုပ်ရေးမိသားစုဝင်တဦး အခုလို ကြွေလွင့်သွားရတဲ့အတွက် အလွန် ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်။ ကျန်ရစ်သူမိသားစုလည်း အမြန်ဆုံး ပြန်လည်ကျန်းမာလာပါ စေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်” လို့  ဖော်ပြပါတယ်။

ပေါက်ခေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနော်ထွယ်ဟာ COVID-19 ရောဂါ ကူးစက်ခံရပြီး နောက် ဧပြီ ၈ ရက် မနက်က ပြည်မြို့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ 

ဧပြီ ၈ ရက်မနက်က တိုင်းဒေသကြီး/ ပြည်နယ်တွေအလိုက် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေနဲ့  Video Conferencing ဆွေနွေးရာမှာလည်း ဦးနော်ထွယ်ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ဝမ်းနည်းတဲ့ အကြောင်း ဝန်ကြီးက   ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးက “ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှ ဝန်ထမ်းတစ်ဦး ကွယ်လွန်သွားခဲ့ခြင်းအပေါ် မိသားစုနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း၊ လုပ်ငန်းတွေ ဆောင်ရွက် ရာမှာ ကိုယ်ချင်းစာတရား၊ ကျန်းမာရေးအသိ၊ သတိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း၊ ခုအချိန်ကာလမှာ ပြည်သူတွေ ယုံကြည်အားကိုးတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတစ်ရပ် ဖြစ်စေရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ပြောပါတယ်။

ဒါ့အပြင်  ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစားတွေကို ထောက်ပံ့မှုတွေ ပေးအပ်ရာမှာ စနစ်တကျ ဆောင်ရွက်သွားကြဖို့လည်း ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူက တိုက်တွန်းလိုက်တယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဓာတ်ပုံ- MUGO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013