DVB Logo
Home
မြန်မာသတင်း
အခြေခံလူတန်းစားများကို အခြေခံစားကုန်ပစ္စည်း ၅ မျိုး အခမဲ့ ထောက်ပံ့မည်
DVB
·
April 7, 2020
အခြေခံလူတန်းစားများကို အခြေခံစားကုန်ပစ္စည်း ၅ မျိုး အခမဲ့ ထောက်ပံ့မည်
Donate to DVB

COVID-19 ရောဂါနဲ့ကြုံနေရတဲ့ အရေးကြီးကာလ သင်္ကြန်ရုံးပိတ်ရက်အတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ ကြက်သွန် ပစ္စည်း ၅ မျိုး အခမဲ့ ထောက်ပံ့ပေးမယ်လို့ မြန်မာနိုင်ငံ  COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ဧပြီ ၆ ရက်မှာ ကြေညာပါတယ်။

အခြေခံလူတန်းစားတွေအတွက် အိမ်ထောင်စုတစုကို ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊  ကြက်သွန် ၁ ပိဿာ၊ စုစုပေါင်း ၅ မျိုးစီကို ဧပြီ ၁၀ ရက်မှ စတင် အခမဲ့ ဖြန့်ဖြူး ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

ကူညီထောက်ပံ့ရာမှာ မလိုလားအပ်တဲ့ လေလွင့်မှု၊ ကြန့်ကြာမှုနဲ့ အဂတိလိုက်စားမှုတွေ မဖြစ်စေဖို့ တိုင်းနဲ့ပြည်နယ် အစိုးရတွေရဲ့ ကြီးကြပ်မှုနဲ့ စာရင်းကောက်ယူ၊ ထုပ်ပိုး၊ ပို့ဆောင်၊ ဖြန့်ဖြူးတဲ့လုပ်ငန်းတွေကို ဌာနဆိုင်ရာတွေ၊ ရပ်မိရပ်ဖတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ပရဟိတလူငယ်တွေနဲ့ ကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေအတွက် အိမ်သုံးလျှပ်စစ်မီးသုံးစွဲမှု ယူနစ် ၁၅၀ အထိကို ဧပြီလကုန်အထိ အခဲ့ပေးသွားမှာဖြစ်ပြီး သံရုံးတွေ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေတော့ မပါဝင်ဘူးလို့ ဆိုပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ နိုင်ငံအနှံ့အပြားက ပြည်သူတွေရဲ့ တင်ပြချက်တွေကို စိစစ်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတွေကို သုံးသပ်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

COVID-19 ကူးစက်မှု ကာကွယ်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူတွေကို  ဧပြီလထဲမှာ Mask ၆ ဒသမ ၃ သန်း ဖြန့်ဖြူးပေးသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားပါတယ်။

ဒါ့အပြင် ရောဂါထိန်းချုပ်မှုကာလအတွင်း လက်လုပ်လက်စားတွေရဲ့ စားဝတ်နေရေးအတွက်လည်း နိုင်ငံ့ဘဏ္ဍာ၊ COVID ဗဟိုကော်မတီရန်ပုံငွေတို့နဲ့ အကောင်းဆုံး စီမံကိန်းတခု အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။

ပြည်သူတွေ တောင်းဆိုနေတဲ့ အင်တာနက် သုံးစွဲမှုနှုန်းထားခတွေ လျှော့ချဖို့ကိုတော့ တယ်လီဖုန်း အော်ပရေတာတွေက လျှော့ချထားပြီး ဖြစ်တယ်လို့ ဧပြီ ၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ကနေ ပြန်ဖြေထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013