DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း COVID-19  အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူပေါင်း ၁၁၀၀ ကျော်ရှိ
DVB
·
April 6, 2020
မြန်မာပြည်တွင်း COVID-19  အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူပေါင်း ၁၁၀၀ ကျော်ရှိ
Donate to DVB

မြန်မာနိုင်ငံအတွင်းမှာ COVID-19  အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူပေါင်း ၁၁၀၀ ကျော်ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိအတည်ပြုလူနာတွေထဲမှာ မြန်မာနိုင်ငံသား ၁၇ ယောက်၊ ပြင်သစ် ၃ ယောက်နဲ့ ဆွစ်ဇာလန်နိုင်ငံသား ၁ ယောက်ရှိပြီး မြန်မာနိုင်ငံသား ၈ ယောက်က ပြည်တွင်းမှာပဲ ကူးစက်ခံခဲ့ရတာပါ။

ဒီထဲက အတည်ပြုလူနာ ၁၅ ယောက်နဲ့ ထိတွေ့ခဲ့သူပေါင်း ၁၁၀၇ ယောက်ရှိပြီး လူနာအမှတ် ၈ နဲ့ ထိတွေ့ခဲ့သူက ၃၈၁ ယောက်ရှိလို့ အများဆုံးဖြစ်ပါတယ်။

သူ့ဆီကတဆင့်ကူးစက်ခဲ့သူ လူနာအမှတ် ၁၂ ကတော့ နောက်ထပ်လူပေါင်း ၅၂ ယောက်နဲ့ ထိတွေ့ခဲ့ပါတယ်။

ပုဂ္ဂလိက ဆေးခန်းတခုမှာ အလုပ်လုပ်တဲ့ လူနာ အမှတ် ၁၅ ကတော့ နောက်ထပ်လူပေါင်း ၅၀ နဲ့ ထိတွေ့ခဲ့ပြီး သူ့ဆီကကူးတဲ့ မိသားစုဝင် ၄ ဦးအနက်  လူနာအမှတ် ၁၇ ကတော့ နောက်ထပ်လူပေါင်း ၇၁ ယောက်နဲ့ ထိတွေ့ခဲ့ပါတယ်။

ထိတွေ့ခံခဲ့ရသူ အယောက် ၁၀၀ နဲ့အထက်ရှိတာကတော့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေတဲ့ အတည်ပြုလူနာတွေ ဖြစ်ပါတယ်။

အတည်ပြုလူနာတွေရဲ့ ၅၂ ရာခိုင်နှုန်းကတော့ ရောဂါလက္ခဏာတွေပြခဲ့ကြပြီး ၄၈ ရာခိုင်နှုန်းကတော့ လက္ခဏာမပြခဲ့ကြဘူးလို့လည်း ဆိုပါတယ်။

ကျန်းမာရေးဌာနသတ်မှတ်ချက်တွေအရ လူနာနဲ့ ထိတွေ့တယ်ဆိုတာဟာ သံသယလူနာ ဒါမှမဟုတ် အတည်ပြုလူနာမှာ ရောဂါလက္ခဏာတွေ မပေါ်ခင် ၂ ရက်ကနေ ၁၄ ရက်အတွင်း ၃ ပေဝန်းကျင် အကွာအဝေးကနေ မျက်နှာချင်းဆိုင် ၁၅ မိနစ်လောက် စကားပြောခဲ့တာ၊ သံသယလူနာ ဒါမှမဟုတ် အတည်ပြုလူနာနဲ့ ခန္ဓာကိုယ်ချင်းထိတွေ့ခဲ့တာ၊ သံသယလူနာ ဒါမှမဟုတ် အတည်ပြုလူနာကို အကာအကွယ်ဝတ်စုံမပါဘဲ ကုသပေးတာတွေကို သတ်မှတ်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၃၁ ရက်မှ ဧပြီ ၄ ရက်အထိ လူပေါင်း ၁၂၄၆ ဦးကို  ဓာတ်ခွဲ စစ်ဆေးခဲ့ရာမှာ ၁၂၂၅ ဦးမှာ ရောဂါမတွေ့ရဘဲ ၂၁ ယောက်မှာတော့ ပိုးတွေ့ရှိ အတည်ပြုနိုင်ခဲ့ကာ  ၁ ဦးကတော့ သေဆုံးသွားတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

ဒီကာလမှာပဲ ဟိုတယ်တွေမှာ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခဲ့သူပေါင်း အယောက် ၁၆၀ ရှိပြီး သတ်မှတ်နေရာမှာ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခဲ့သူပေါင်း ၆၆၄၉၉ ယောက် ရှိပါတယ်။

ဓာတ်ခွဲစစ်ဆေးတာမှာတော့ ရန်ကုန်က ၂၅၈ ယောက်ကို စစ်ဆေးခဲ့ပြီး စောင့်ကြပ်ကြည့်ရှုတာမှာတော့ မကွေးတိုင်းမှာ ၁၂၅၄၆ ယောက်ရှိတာကြောင့် အများဆုံးဖြစ်ပါတယ်။ 

မတ်လ ၁၆ ရက်ကနေ ၃၁ ရက်အထိ ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ကနေ ပြန်ဝင်လာသူပေါင်းကတော့ ၄၅၄၉၈ ယောက်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013