DVB Logo
Home
မြန်မာသတင်း
အချိန်အခါမဟုတ် မိုးရွာ၊ လေပြင်းတိုက်နိုင်သဖြင့် ကြိုတင်သတိပြုရန် မိုးဇလတိုက်တွန်း 
DVB
·
April 6, 2020
အချိန်အခါမဟုတ် မိုးရွာ၊ လေပြင်းတိုက်နိုင်သဖြင့် ကြိုတင်သတိပြုရန် မိုးဇလတိုက်တွန်း 
Donate to DVB

မြန်မာနိုင်ငံအတွင်းမှာ အချိန်အခါမဟုတ် မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်း၊ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့  ကြိုတင်သတိပြုကြဖို့ မိုးဇလ ဌာနက အကြံပြုချက် ထုတ်ပြန်ပါတယ်။

ဒီကနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေ အရှိန်ကြောင့် ဧပြီ ၉ ရက်မှ ၁၁ ရက်အတွင်း  နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မနက်ဖန် မနက်အထိ ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း(၆၀) ဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ (၃)ပေမှ (၆)ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013