
မကွေးတိုင်းဒေသကြီးအတွင်း COVID-19 စောင့်ကြည့်နဲ့ သံသယလူနာပေါင်း ၆၂ ဦးရှိနေပြီး ဒီအထဲက ၄၆ ဦး ဓာတ်ခွဲစစ်ဆေးရာမှာ ရောဂါပိုး လုံးဝမတွေ့ရှိဘူးလို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ပြောပါတယ်။
မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြာရေးမှူး ဒေါက်တာ ခင်မောင်သန်းက"စောင့်ကြည့်/သံသယ လူနာ ၆၂ ဦးကို Hospital Quarantine ပြုလုပ်ထားပြီး မတ်လ ၅ ရက်နေ့အထိ ၄၆ ဦး ဓာတ်ခွဲစစ်ဆေးချက်တွေအရ ရောဂါပိုး လုံးဝ မတွေ့ရှိပါဘူး။ လတ်တလော ဓာတ်ခွဲ အဖြေ စောင့်နေတာ ၁ ဦးသာရှိပြီး မတ်လ ၅ ရက်နေ့ည ကလည်း ၅ ဦးရဲ့ ဓာတ်ခွဲအဖြေက ရောဂါပိုး မတွေ့ရှိပါဘူး။"လို့ ဒီဗွီဘီကိုပြောပါတယ်။
ပြည်ပကနေ ပြန်ဝင်လာသူတွေကိုသာ Facility Quarantine ပြုလုပ်ပေးထားပြီး ပြည်တွင်း ရန်ကုန်မန္တလေးက ပြန်လာသူတွေကိုတော့ ကျေးရွာတွေ အစီအစဉ်နဲ့ Home Quarantine ပြုလုပ်ဖို့ရှိပြီး အပြင်မထွက်ကြဖို့ လည်း ညွှန်ကြားထားတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံကို ယခုရက်ပိုင်းအထိ ပြည်ပနို်ငငံတွေက ပြန်ဝင်လာသူ ၆၆၀၀၀ ကျော်ရှိပြီး မကွေးတိုင်းမှာတော့ ၁၂၀၀၀ ကျော်ဝင်ရောက်လာတဲ့အတွက် တစ်နိုင်ငံလုံး အနေနဲ့ အများဆုံးဖြစ်ကာ မြို့နယ်အသီးသီးမှာ Facility Quarantine ပြုလုပ်ပေးနေပါတယ်။
သတင်း-မင်းထီး










