DVB Logo
Home
မြန်မာသတင်း
COVID-19 ကာကွယ်ကုသရေးတွင် ပါဝင်ရန် ဆရာဝန် ၁၀၀၀ ကျော်နှင့် စေတနာ့ဝန်ထမ်း ၁၀,၀၀၀ ခန့် စာရင်းပေးထား
DVB
·
April 6, 2020
COVID-19 ကာကွယ်ကုသရေးတွင် ပါဝင်ရန် ဆရာဝန် ၁၀၀၀ ကျော်နှင့် စေတနာ့ဝန်ထမ်း ၁၀,၀၀၀ ခန့် စာရင်းပေးထား
Donate to DVB

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့ ဆန္ဒအလျောက် စာရင်းပေးထားတဲ့ ဆရာဝန် ၁၀၀၀ ကျော်နဲ့ စေတနာ့ဝန်ထမ်း ၁၀,၀၀၀ လောက်ရှိတယ်လို့ မြန်မာနိုင်ငံဆရာဝန်အသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဧပြီ ၄ ရက် ညနေပိုင်းက ကျန်းမာရေးနဲ့ အားကစား ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံပြီး ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ဆွေးနွေးရာမှာ ပြောခဲ့တာပါ။

ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းတွေ၊ ပြည်သူ့ဆေးရုံတွေ၊ ကုသရေးလုပ်ငန်းတွေ အပါအဝင် လိုအပ်တဲ့ ကဏ္ဍတွေမှာ အားဖြည့်ဆောင်ရွက်ရန်ဖို့အတွက် မိမိဆန္ဒအလျောက် စေတနာ့ဝန်ထမ်း ဆရာဝန် ၁၀၀၀ နဲ့ တခြား စေတနာ့ဝန်ထမ်း ၁၀၀၀၀ လောက်ဟာ မြန်မာနိုင်ငံဆရာဝန်အသင်းမှာ စာရင်းပေးထားတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆရာဝန်အသင်းအနေနဲ့ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆောင်ရွက်မယ့် Call Center မှာလည်း ပါဝင်ဆောင်ရွက်လိုတယ်လို့ ပြောပါတယ်။

ပြီးတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဆေးရုံတွေမှာ အဖျားရောဂါလူနာတွေ သီးခြားပြသဖို့ Fever Clinic တွေ ဖွင့်တာနဲ့ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုတာ စတဲ့လုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်လိုတယ်လို့ ပြောခဲ့ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကတော့ အဖျားရောဂါလူနာတွေ သီးခြားပြသဖို့ Fever Clinic တွေနဲ့ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုရာနေရာတွေမှာ ပါဝင် ဆောင်ရွက်စေလိုတယ်လို့ ပြန်ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013