DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့က ကျေးရွာ စောင့်ကြည့်ရေးစခန်းများတွင် အစိုးရအကူအညီ လိုအပ်နေ
DVB
·
April 6, 2020
ဘားအံမြို့က ကျေးရွာ စောင့်ကြည့်ရေးစခန်းများတွင် အစိုးရအကူအညီ လိုအပ်နေ
1 / 2
Donate to DVB

ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့သူတွေကို  COVID-19 စောင့်ကြပ်ကြည့်ရှုရေးနေရာတွေ ထားရှိဆောင်ရွက်နေတဲ့ ကျေးရွာတွေမှာ အစိုးရက ကူညီထောက်ပံ့ပေးဖို့ လိုအပ်နေတယ်လို့ ဘားအံမြို့နယ်၊ ဇာသပြင်အနောက်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးမင်းဟံသိန်းက‌ ပြောပါတယ်။

ဇာသပြင်အနောက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမင်းဟံသိန်းက စခန်းတခုဖွင့်တယ် ဆိုတာက ကျေးရွာအုပ်ချုပ်ရေးမှူးတယောက်နဲ့ စခန်းကိုဖွင့်လို့ အောင်မြင်မှာ မဟုတ်ဘူး။ အစိုးရပိုင်းကလည်း ကူညီထောက်ပံ့ပေးမယ်။ အသင်းအဖွဲ့တွေက ပံ့ပိုးဝိုင်းဝန်းပြီးလုပ်မှ ထိထိရောက်ရောက် အောင်မြင်မယ် လို့ ပြောပါတယ်။

ကျေးရွာတွေက စောင့်ကြပ်ကြည့်ရှုရေးစင်တာတွေမှာ ပြည်ပက ပြန်လာသူတွေကို ကျန်းမာရေး၊ နေထိုင်စားသောက်ရေးတွေအတွက် ပြည်တွင်း၊ ပြည်ပ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ရပ်ရွာအလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ စောင့်ကြပ်ကြည့်ရှုနေရတယ်လို့ ဆိုပါတယ်။

ဘားအံမြို့နယ်၊ ဇာသပြင်အရှေ့ကျေးရွာ၊ COVID-19 စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးဌေးအောင်က ကျနော်တို့က ကူညီတဲ့လူရှိတယ်။ လုပ်တဲ့လူရှိတယ်ဆိုလို့ရှိရင် အဆင်ပြေ အောင်မြင်သွားမယ် လို့ ပြောပါတယ်။

ပြည်အစိုးရအနေ COVID-19 စောင့်ကြပ်ကြည့်ရှုရေးနေရာ ဖွင့်လှစ်ထားတဲ့ ကျေးရွာတွေကိုလည်း ကူညီထောက်ပံ့ပေးဖို့ လိုအပ်သလို ထောက်ပံ့ပေးဖို့ ဆွေးနွေးနေတာတွေ ရှိတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးက ဖုန်းနဲ့ဆက်သွယ် ပြောဆိုထားပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်လူမျိုး‌ရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက အစိုးရက ကူညီပံ့ပိုးမယ်လို့ ဆွေးနွေးထားတယ်။ ကျနော်တို့ဘက်က အကြမ်းဖျင်းတော့ ဆွေးနွေးကြတယ်။ အနည်းငယ်တော့ ပေးသင့်တယ်။ သို့သော် ကျနော်တို့ ဘယ်လောက်ပေးနိုင်မယ်ဆိုတာ ကျနော်တို့ ပြန်ဆွေးနွေးကြဦးမယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်အစိုးရအ​​နေနဲ့ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးက ပြည်တော်ပြန်တွေကို စောင့်ကြပ်ကြည့်ရှုရေး(Quarantine Center)နေရာ ၁၁ ခု ဖွင့်လှစ်လက်ခံပြီး ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုပေးနေတဲ့အပြင် နေထိုင်စားသောက်ရေးနဲ့ လိုအပ်ချက်တွေအတွက် လိုအပ်တဲ့ ငွေကြေးသုံးစွဲနေရသလို တိကျတဲ့ ငွေကြေးသုံးစွဲမှုကိုတော့ တာဝန်ရှိသူတွေကို မေးမြန်းဖို့ ဝန်ကြီးက ဆိုပါတယ်။

ဘားအံမြို့နယ်၊ ဇာသပြင်အနောက်ကျေးရွာအုပ်စု၊ မန္တလေးရပ်ကွက်၊ မဝါဝါလွင်က ရပ်ရွာလူကြီးကတော့ ခဏခဏလာတယ်။ အစ်မ ဘာမှ အကူအညီမတောင်းပါဘူး။ ကိုယ်ကြောင့်နဲ့ သူများရောဂါကူးသွားမှာလည်း ကြောက်တယ်လို့ ပြောပါတယ်။

ဘားအံခရိုင်အတွင်းကို ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့သူ ၂ သောင်းနီးပါးရှိပြီး ဝင်ရောက်လာသူတွေကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အစီအစဉ်နဲ့ စာသင်ကျောင်း၊ ဆေးပေးခန်း၊ သာသနိကအဆောက်အအုံတွေမှာ ၁၄ ရက် စောင့်ကြည့်မှုတွေ ဆောင်ရွက်နေတာတွေ ရှိပါတယ်။



ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013