DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် တရက်တည်း COVID-19 စောင့်ကြည့်သံသယလူနာ ၂ ဦး သေဆုံး
DVB
·
April 5, 2020
မွန်ပြည်နယ်တွင် တရက်တည်း COVID-19 စောင့်ကြည့်သံသယလူနာ ၂ ဦး သေဆုံး
Donate to DVB

မွန်ပြည်နယ်မှာ ဧပြီ ၄ ရက်နေ့ ၁ ရက်တည်း COVID-19 ရောဂါစောင့်ကြည့် သံသယလူနာ ၂ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝတ်မှုံက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

သေဆုံးသူဟာ ပေါင်မြို့နယ် ကဒါရပ်ကွက်နေသူ အသက် ၇၈ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ဘုရားဖူးပြီး မတ်လ ၁၇ ရက်မှာ မြန်မာနိုင်ငံကို ပြန်လာရောက်ရှိလာကာ ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် ထားရှိထားတာပါ။ 

သေဆုံးသူဟာ နှလုံးသွေးကြောပိတ်တဲ့ရောဂါအပြင် ဆီးချိုရောဂါရှိသူဖြစ်ပြီး ဧပြီ ၄ ရက်နေ့က မော်လမြိုင် အထွေထွေရောဂါကုသဆေးရုံမှာ သေဆုံးခဲ့တာပါ။ 

သေဆုံးသူ အမျိုးသမီးရဲ့ စစ်ဆေးချက်အဖြေမှာ ကိုရိုနာဗိုင်းရပ်စ် Covid 19 ရောဂါ မရှိဘူးလို့ ဧပြီ ၄ ရက်နေ့ ည ၈ နာရီမှာ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

နောက်တဦးကတော့ ဘီးလင်းမြို့နယ် နေသူ အသက် ၃၀ အရွယ် အမျိုးသားတဦးဖြစ်ပြီး မတ်လ ၂၉ ရက်နေ့မှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်လာခဲ့တာပါ။ 

အဲဒီအမျိုးသားမှာ အဆုတ်တီဗွီရောဂါအခံရှိသူဖြစ်ပြီး ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ ဧပြီ ၄ ရက်နေ့က သေဆုံးခဲ့တာပါ။ 

အခုလို အခြေအနေကြောင့် စောင့်ကြည့်သံသယလူနာ အမျိုးသားရဲ့ စစ်ဆေးချက်အဖြေကို  အမျိုးသားဓာတ်ခွဲဌာန NHL ကို ပို့ဆောင် စစ်ဆေးထားပါတယ်။

မွန်ပြည်နယ်မှာတော့ အခု သေဆုံးသူ ၂ ဦး အပါအဝင် ကိုရိုနာဗိုင်းရပ်စ် Covid 19 ရောဂါ စောင့်ကြည့်လူနာ ၁၀ ဦးမှာ သေဆုံးသူ ၅ ဦးအထိ ရှိလာခဲ့ပြီး စောင့်ကြည့်သံသယလူနာ ၂ ဦးကိုတော့ မော်လမြိုင်ပြည်သူ့ဆေးရုံမှာ စောင့်ကြည့်ကုသနေပါတယ်။

ကျန်စောင့်ကြည့်သံသယလူနာ ၃ ဦးမှာတော့ ကျန်းမာရေး ကောင်းမွန်သွားတဲ့အတွက်ကြောင့် ဆေးရုံက ဆင်းသွားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013