မြောက်ဥက္ကလာတွင် ဆန်များကို ဈေးသက်စွာဖြင့် လိုက်ရောင်းပေးနေ
DVB
·
April 5, 2020

COVID-19 ကူးစက်မှု ကာကွယ်နိုင်ရေး လူစုလူဝေးမဖြစ်ဖို့ မြောက်ဥက္ကလာပမြို့နယ် ရပ်ကွက်တွေမှာ ဧပြီ ၄ ရက်နေ့ကစ ဆန်တွေကို ဈေးသက်သက်သာသာနဲ့ လိုက်လံရောင်းချပေးနေပါတယ်။
အိမ်ရှင်မများသမဂ္ဂနဲ့ ည-ရပ်ကွက်အတွင်းက ပရဟိတလူငယ်တွေ စုပေါင်းပြီး တအိမ်ထောင်ကို မနောသုခဆန် ၁ ပြည် ၁၀၀၀ ကျပ်နှုန်းနဲ့ ၅ ပြည်စီ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
ဧပြီ ၄ ရက်နေ့မှာတော့ အိမ်ထောင်စု ၅၀၀ ကို လိုက်ရောင်းချပေးခဲ့ပြီး နေ့စဉ်ရောင်းချပေးသွားမယ်လို့ အိမ်ရှင်မများသမဂ္ဂက ဒေါ်မေဝင်းက ပြောပါတယ်။
ပြည်သူလူထုအနေနဲ အိမ်တိုင်ရာရောက် ရောင်းချပေးတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တဲ့အနေနဲ့ လူစုလူဝေး ရှောင်ရှားရာရောက်တယ်လို့ သူက ပြောပါတယ်။