DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့အတွင်း စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် စည်ပင်တိုက်တွန်း
DVB
·
April 5, 2020
လွိုင်ကော်မြို့အတွင်း စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် စည်ပင်တိုက်တွန်း
1 / 3
Donate to DVB

တကမ္ဘာလုံးမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုရာဗိုင်းရပ်စ် COVID-19 ရောဂါကူးပျံ့နှံမှု မရှိစေရေး ကယားပြည်နယ် လွိုင်ကော်မြို့အတွင်းရှိ စားသောက်ဆိုင်တွေကို ဆိုင်ထိုင်မဟုတ်ဘဲ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ စည်ပင်သာယာရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

လွိုင်ကော်မြို့တွင်း ဖွင့်လှစ်ရောင်းချနေတဲ့ စားသောက်ဆိုင်တွေ၊ ထမင်းဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အဖျော်ယမကာအရက်ဆိုင် အစရှိတဲ့ စားသောက်ဖွယ်ရာ အမျိုးမျိုးရောင်းချသူတွေအနေနဲ့ COVID-19 ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆိုင်ထိုင်စနစ်နဲ့ ဖွင့်လှစ်ရောင်းချတာမပြုဘဲ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ မေတ္တာရပ်ခံလိုက်တာပါ။

လွိုင်ကော်မြို့ စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိဦးသန်းထွန်းက “စားသောက်ဖွယ်ရာရောင်းတဲ့ဆိုင်တွေမှာလည်း ကျနော်တို့က ဆိုင်ထိုင်စနစ်နဲ့ မရောင်းချစေဘဲနဲ့ ပါဆယ်ဆွဲတဲ့စနစ်နဲ့ ရောင်းချစေတယ်။ ဒါကလည်း ကျနော် မနက်ဆိုရင် လျှောက်ကြည့်တယ်၊ ညဆိုလည်း လိုက်ကြည့်တယ်။ ရာခိုင်နှုန်း တော်တော်များများ လိုက်နာတာကို တွေ့ရတော့ ဝမ်းသာတယ်” လို့ ပြောပါတယ်။

ရောဂါကာကွယ်ရေးပညာပေးအနေနဲ့ ည ၆ နာရီတိုင်းမှာ ပြည်သူကို ပန်ကြားချက်တွေကို ရပ်ကွက်တွေအတွင်းမှာ လိုက်လံအသိပေးတာတွေ ရှိသလို နေ့စဉ် အမှိုက်သိမ်းကားတွေပေါ်မှာလည်း ပညာပေးတာတွေနဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့ပေါ် ပြည်ပကနေ ပြန်လည်ဝင်ရောက်လာသူတွေကို  အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုထားတဲ့နေရာ (Facility Quarantine) တွေက ထွက်ရှိတဲ့ အမှိုက်တွေကိုလည်း ကားသီးသန့်ထားပြီး စနစ်တကျ အမှိုက်စွန့်ပစ်မှုတွေ လုပ်ဆောင်ပေးထားတယ်လို့ ဦးသန်းထွန်းက ပြောပါတယ်။

“အဲဒီမှာလည်း ကျနော်တို့က နေ့စဉ် ရေရရှိရေးရယ်၊ နောက် အဲဒီမှာ ထွက်ရှိလာတဲ့ အမှိုက်တွေကို အမှိုက်ကားသီးသန့်၊ လူသီးသန့်နဲ့ အကာအကွယ်နဲ့ ကျနော်တို့ဝန်ထမ်းတွေကို စနစ်တကျ ကျင်းတူးပြီး  အဲဒီမှာ အမှိုက်စွန့်ပြီး တခါတည်း မီးရှို့ဖျက်ဆီးလိုက်တယ်။ ”

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID–19 ကာကွယ်ရေးအတွက် ကယားပြည်နယ်ထဲက နေ့စဉ်ဈေးတွေအားလုံး တပတ်ကို ၃ ရက်ပဲ ဖွင့်လှစ်ဖို့ ကယားပြည်နယ် အစိုးရအဖွဲ့ရုံးက ဧပြီ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၃၀ ရက်အထိ နေ့စဉ်ဈေးအားလုံး တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ စနေ‌နေ့တွေမှာပဲ ဖွင့်လှစ်ဖို့နဲ့ ကျန်ရက်တွေကို ဆေးဖျန်းမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ လိုက်နာကြဖို့လည်း ပြည်နယ်အစိုးရက အသိပေး ကြေညာထားပါတယ်။

ဈေးစပိတ်တဲ့နေ့မှာပါ ပိုးသတ်ဆေးတွေ ဖျန်းတာတွေ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၂၁ ဦးနဲ့ သေဆုံးသူ ၁ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013