DVB Logo
Home
မြန်မာသတင်း
သာယာဝတီ COVID-19 စောင့်ကြည့်စခန်းတွင် စည်းကမ်းမလိုက်နာသည့် အမျိုးသားတဦးကို အမှုဖွင့်
DVB
·
April 4, 2020
သာယာဝတီ COVID-19 စောင့်ကြည့်စခန်းတွင် စည်းကမ်းမလိုက်နာသည့် အမျိုးသားတဦးကို အမှုဖွင့်
1 / 2
Donate to DVB

ပဲခူးတိုင်း သာယာဝတီမြို့နယ်က နိုင်ငံခြားက ပြန်လာတဲ့လူတွေကို ၁၄ ရက် စောင့်ကြည့်ရေးစခန်းမှာ စည်းကမ်းမလိုက်နာဘဲ ကျန်မာရေးဝန်ထမ်းတွေရဲ့ တာဝန်ကို နှောင့်ယှက်တဲ့ အမျိုးသားတဦးအား ဧပြီ ၃ ရက်နေ့က အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသားဟာ အဲဒီစောင့်ကြည့်ရေးစခန်းမှာ စည်းကမ်းမလိုက်နာဘဲ အော်ဟစ်ဆဲဆိုပြီး ပစ္စည်းတွေကို ဖျက်ဆီးတာနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အလုပ်တာဝန်တွေကို နှောင့်ယှက်ခဲ့တာကြောင့် သာယာဝတီ မြို့မရဲစခန်းမှာ ဒေသန္တရအုပ်ချုပ်ရေးအမိန့်ကို ဖောက်ဖျက်မှုဥပဒေ ၃၀ (က) နဲ့ အမှုဖွင့် အရေးယူလိုက်တာလို့ သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်က ပြောပါတယ်။

“စခန်းထဲမှာရှိတဲ့ ခုံတွေကို ရိုက်ချိုးတာတွေ၊ အခမဲ့လှူဒါန်းထားတဲ့ ပစ္စည်းတွေကို လွှင့်ပစ်တာတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဝန်ထမ်းတွေ အပူချိန်တိုင်းတာတို့၊ သန့်ရှင်းရေးလုပ်တာတို့ မလုပ်ရဲအောင် စော်ကားပြောဆိုတာတွေ၊ အပြင်က ပရဟိတလုပ်နေတဲသူတွေကိုလည်း တယောက်နဲ့ တယောက် ရန်ဖြစ်အောင် ကြမ်းကြမ်းတမ်းတမ်း စကားတွေ ပြောဆိုပြုလုပ်တာတွေ လုပ်တယ်။ ဖြစ်ဖြစ်ချင်း အမှုဖွင့်တာမဟုတ်ဘဲ သူ့ကို တရက်  စောင့်ကြည့်တယ်၊ နောက်ရက်မှာလည်း အဲလိုပဲ ထပ်လုပ်တယ်။ တရက်ခွဲကာလမှာ ပြဿနာရှာတဲ့ အကြိမ်ပေါင်းများလာတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်လိုက်တာပါ။”

သာယာဝတီမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသန္တရအုပ်ချုပ်ရေးအမိန့်ကို ဖောက်ဖျက်မှုနဲ့ အဲဒီအမျိုးသားကို အမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။

အမှုဖွင့်ခံရတဲ့ အမျိုးသားက မြဝတီနယ်စပ်ကနေတဆင့် ထိုင်းဘက်က ပြန်လာတယ်လို့ ယူဆရပြီး စောင့်ကြည့်ရေးစခန်းမှာ မနေချင်လို့ အခုလိုမျိုးတွေ ပြုလုပ်ပါက အိမ်ပြန်လွှတ်မလားဆိုတဲ့ အတွေးနဲ့ လုပ်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

COVID-19 ရောဂါ စောင့်ကြည့်ရေးစခန်းကို သာယာဝတီမြို့နဲ့ သုံးဆယ်မြို့မှာ ဖွင့်လှစ်ထားပြီး စောင့်ကြည်လူနာဦးရေ ၁၁၂ ဦးရှိတယ်လို့ သာယာဝတီခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသိန်းနိုင်လင်းက ပြောပါတယ်။

“လောလောဆယ်စခန်း ၂ ခုမှာ အမျိုးသား ၈၇ ယောက်၊ အမျိုး သမီး ၂၅ ယောက်ရှိတယ်။ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေက အတွင်းစည်းက တာဝန်ထမ်းဆောင်နေပြီး ပရဟိတအဖွဲ့တွေ၊ မြို့နယ် COVID 19 စောင့်ကြည့်ရေးကော်မတီနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ အပြင်စည်းကနေ စောင့်ရှောက်မှုပေးနေပါတယ်။ မနေ့က ဖြစ်စဉ်ဖြစ်သွားတဲ့အတွက် ကျန်းမာရေးဝန်ထမ်း ထပ်တိုးပြီး အင်အားဖြည့်ထားသလို ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးစောင့်ရှောက်မှုတွေ ပေးထားတယ်” လို့ ပြောပါတယ်။



မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013