DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး အခမဲ့ ဈေးဝယ်ပေးသည့် ဝန်ဆောင်မှု ချောက်မြို့တွင် စတင်
DVB
·
April 4, 2020
ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး အခမဲ့ ဈေးဝယ်ပေးသည့် ဝန်ဆောင်မှု ချောက်မြို့တွင် စတင်
1 / 2
Donate to DVB

မကွေးတိုင်း၊ ချောက်မြို့မျာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အိမ်တွင်းနေထိုင်သူတွေကို စေတနာ့ဝန်ထမ်းတွေက ဧပြီ ၃ ရက်နေ့ ကစတင်ပြီး နေအိမ်အရောက် အခမဲ့ဈေးဝယ်ပေးတဲ့ ဝန်ဆောင်မှု စတင်ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

“လတ်တလောတော့ လုပ်ရတာ အရမ်းမတွင်ကျယ်သေးဘူး၊ အမှာ နည်းသေးတယ်။ လူတွေကလည်း အကြောက်နည်းနေသေးတယ်၊ သွားမြဲလာမြဲ ဖြစ်နေသေးတယ်။ စေတနာ့ဝန်ထမ်းကတော့ လိုအပ်လာရင် လိုအပ်သလိုလည်း အင်အားတိုးချဲ့သွားမှာ။ ပြည်သူတွေ အိမ်ထဲ များများနေလေလေ ကူးစက်ရောဂါ ကာကွယ်နိုင်လေပဲ” လို့ စေတနာ့ဝန်ထမ်းအဖွဲ့မှ ဦးကျော်မိုးမြင့်က ပြောပါတယ်။

အိမ်ထဲမှာ နေထိုင်ခြင်းက ရောဂါထိန်းချုပ်မှုကို ပိုမိုထိရောက်စေကြောင်း ပညာပေး အစီအစဉ်တွေမှာ တွေ့ရပြီး အခုလိုစေတနာရှင်အဖွဲ့က ကိုယ်တိုင်စျေးသွားရမယ့် ကိစ္စကို ကူညီပေးတာကြောင့် အဆင်ပြေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ချောက်မြို့ မြို့မဈေးမှာ ဈေးရောင်းချနေတဲ့ ဈေးသည်တွေကလည်း အဆိုပါအဖွဲ့ ဈေးဝယ်ရာမှာ ပုံမှန်ဈေးထက် ဈေးနှုန်းလျော့ချ ရောင်းချပေး​ပြီး ဈေးဝယ် စာရင်းစာအုပ် မှတ်တမ်းတွေ ထားပေးကြောင်း၊ အခမဲ့ ဝန်ဆောင်မှုပေးတဲ့အပြင် ဈေးဝယ်ပစ္စည်းတန်ဖိုးကို နေအိမ်ရောက်ရှိမှသာ ငွေပေး‌ချေးမှုစနစ်နဲ့ ဆောင်ရွက်ပေးတာလို့ သိရပါတယ်။

မြို့မဈေးမှာ ဈေးရောင်းချနေနေတဲ့ မနှင်းယုလှိုင်၊ မတူးတူးမာ၊ မထက်ထက်အောင်တို့က ဈေးဝယ်ပေးပြီး ဦးမိုးကျော်၊ ဦးကျော်မိုးမြင့်၊ စေတနာရှင်တွေနဲ့ ဦးဝင်းတင် ဦးဆောင်တဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ နေအိမ်အရောက် ပို့ဆောင်ပေးတာလို့ သိရပါတယ်။

ချောက်မြို့နဲ့ ပတ်သက်တဲ့ လူမှုကွန်ရက်တွေနဲ့ စေတနာရှင်တွေရဲ့ လူမှုကွန်ရက်စာမျက်နှာတို့မှာလည်း ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေ ရေးသားဖော်ပြထားပါတယ်။



ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013