DVB Logo
Home
မြန်မာသတင်း
အစိုးရဝန်ထမ်းများ သင်္ကြန်ကာလ ခရီးသွားလာခြင်းမပြုရန် သမ္မတရုံး အမိန့်ထုတ်
DVB
·
April 4, 2020
Donate to DVB

နိုင်ငံ့၀န်ထမ်းတွေကို သင်္ကြန်ကာလအတွင်း ခရီးသွားလာတာမပြုလုပ်ဖို့နဲ့ သင်္ကြန်ရုံးပိတ်ရက်ကာလအတွက် ပြန်ပေးရမယ့် အစားထိုးရုံးပိတ်ရက်ကို COVID-19 ရောဂါပိုး ကင်းစင်တဲ့အချိန်မှ ၀န်ထမ်းအင်အားတဝက် ရုံးတက်၊ တဝက်ခွင့်ပြန် စနစ်နဲ့ ပြန်လည်ခွင့်ပြုပေးသွားမယ်လို့ သမ္မတရုံးက ဒီနေ့ရက်စွဲနဲ့ အမိန့်စာထုတ်ပြန်လိုက်ပါတယ်။

ဒီအမိန့်စာဟာ နိုင်ငံ့၀န်ထမ်းအားလုံးဖြစ်တဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၀င်တွေ၊ ပြည်ထောင်စု၀န်ကြီးဌာနတွေ၊ နေပြည်တော်ကောင်စီနဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အားလုံးကို အကျုံး၀င်မှာလည်းဖြစ်ပါတယ်။ 

COVID-19 ကူးစက်ရောဂါပိုးကြောင့် အစိုးရရုံးလုပ်ငန်းတွေ ရပ်ဆိုင်းသွားနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်လာနိုင်တာကြောင့် သင်္ကြန်ရုံးပိတ်ရက်အတွင်း ၀န်ထမ်းတွေရဲ့ ခရီးသွားလာမှုကို ပိတ်ပင်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်က အမှန်ဖြစ်ပါတယ်။ နိုင်ငံ့၀န်ထမ်းတွေ အားလုံးအတွက် ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ အပိုဒ်(၁)ပါ အတိုင်း ပေါက်ခေါင်းဖြစ်စဉ်မှာ ထွေအုပ်တရုံးလုံးကို Shut Down လုပ်လိုက်ရပါတယ်” လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ပြောပါတယ်။

အခု နှစ် မဟာသင်္ကြန်ရုံးပိတ်ရက်တွေဟာ ဧပြီလ ၁၀ ရက်ကနေ ၁၉ ရက်နေ့အထိ ဖြစ်ပါတယ်။ နှစ်စဉ် သင်္ကြန်ရုံးပိတ်ရက်ရောက်တိုင်း ၀န်ထမ်းတွေ မိမိနေရပ်ဇာတိကို ပြန်လေ့ရှိကြပေမယ့် အခုနှစ်မှာတော့ Covid-19 ကြောင့် အိမ်ပြန်ခွင့် ဆုံးရှုံးလိုက်ရတာပါ။

“ဒီလိုမျိုးထုတ်ပြန်လိုက်တာ တခြားသူတွေအတွက်တော့ မသိဘူး။ အကိုတို့အတွက်တော့ အဆင်ပြေပါတယ်။ အိမ်ပြန်ပြီး ပြန်လာရင်လည်း သူ့မယုံ၊ ကိုယ့်မယုံနဲ့ဖြစ်နေမှာ။ ပြီး ဒီကနေ ပြန်သွားတယ်ဆိုလည်း ဟိုက ကိုယ့်မိသားစု၀င်တွေအတွက် စိတ်မချရတော့ဘူး။ အဲ့ဒီတော့ အခုလို ထုတ်ပြန်လိုက်တာကပိုကောင်းပါတယ်” လို့ နိုင်ငံ့၀န်ထမ်းတဦးဖြစ်တဲ့ ကိုသော်တာ၀င်းက ပြောပါတယ်။

လက်ရှိအချိန်မှာလည်း Covid-19 ကူးစက်ရောဂါကြောင့် အစိုးရ၀န်ထမ်းတွေရဲ့ ရုံးတက်ရက်ကို ၀န်ထမ်းအင်အားတဝက်စီနဲ့ တချို့ဝန်ကြီးဌာနတွေမှာ တရက်တက်၊ တရက်နား၊ အချို့၀န်ကြီးဌာနတွေမှာတော့ နှစ်ပတ်ဆင်း၊ နှစ်ပတ်နား အလှည့်ကျစနစ်နဲ့ ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013