DVB Logo
Home
မြန်မာသတင်း
Omini focus ကုမ္ပဏီက YBS ယာဉ်မောင်းများကို လခစားအဖြစ်ကရပ်နား  
DVB
·
April 3, 2020
Omini focus ကုမ္ပဏီက YBS ယာဉ်မောင်းများကို လခစားအဖြစ်ကရပ်နား  
Donate to DVB

ရန်ကုန်မှာ ဘတ်စ်ကားပြေးဆွဲနေတဲ့ Omini focus ကုမ္ပဏီက YBS ယာဉ်မောင်းတွေကို လခစားအဖြစ်ရပ်နားကာ ဧပြီ ၁ ရက်နေ့ကစပြီး စနစ်အသစ်နဲ့ ပြောင်းလဲမောင်းနှင်စေပါတယ်။

စနစ်အသစ်မှာ ယာဉ်မောင်းတွေရဲ့ရှာဖွေငွေထဲက ဂတ်(စ်)ဖိုးနုတ်ပြီး ၃၅ ရာခိုင်နှုန်းကို ယာဉ်မောင်းတွေရယူကာ ကျန် ၆၅ ရာခိုင်နှုန်းကို ကုမ္ပဏီက ရယူမှာပါ။ ယာဉ်မောင်းတွေကိုတော့ ကုမ္ပဏီက ထမင်းကျွေးထားမှာပါ။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတာကြောင့် ဘတ်စ်ကားစီးတဲ့ ခရီးသည်တွေ လျော့နည်းလာကာ ဝင်ငွေလျော့နည်းလာတာနဲ့ ယာဉ်မောင်းတွေကို ကိုဗစ်-၁၉ ကာကွယ်ဖို့ အတွက် ရည်ရွယ်ပြီး အခုလိုစနစ်သစ်ပြောင်းလဲခဲ့တာလို့ ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။

လျော်ကြေးရယူချင်တဲ့ ဝန်ထမ်းတွေအတွက်တော့ ဥပဒေအတိုင်း အခြေခံလစာကို ပေးဆောင် သွားမှာလို့ ကုမ္ပဏီဘက်က ပြောပါတယ်။

ယာဉ်မောင်းတွေကတော့ အခုစနစ်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသည်စီးနင်းမှုနည်းတဲ့အတွက် တွက်ခြေမကိုက်ဘူးလို့ဆိုပါတယ်။ 

စနစ်သစ်နဲ့ပြေးဆွဲနေနဲ့ Omini focus ပိုင်ယာဉ်လိုင်းတွေမှာ မြို့တွင်းပြေးဆွဲနေတဲ့ ယာဉ်လိုင်းနှစ်လိုင်းလောက်ပဲ ခရီးသည်စီးနင်းတဲ့အတွက် အဆင်ပြေနေပြီး ကျန်ခရီးရှည်ပြေးဆွဲ နေတဲ့ ယာဉ်လိုင်းတွေကတော့ တွက်ခြေမကိုက်တဲ့အတွက် ယာဉ်မောင်းအကုန် လာရောက်မောင်းနှင်တာမရှိဘူးလို့လည်း သိရပါတယ်။ 

Omini focus ကုမ္ပဏီမှာပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်း ၉ လိုင်းရှိပြီး ယာဉ်မောင်း ၃၀၀ ကျော်က မောင်းနှင်နေတာပါ။

ဓာတ်ပုံ- OMNI FOCUS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013