DVB Logo
Home
မြန်မာသတင်း
တောင်ကြီး စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီကို ကမ္ဘောဇဘဏ်က မတည်ငွေ သိန်း ၂၀၀၀ ပေးအပ်
DVB
·
April 3, 2020
တောင်ကြီး စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီကို ကမ္ဘောဇဘဏ်က မတည်ငွေ သိန်း ၂၀၀၀ ပေးအပ်
Donate to DVB

COVID-19 အရေးပေါ်ကာလ အခြေခံလူတန်းစား ပြည်သူလူထုအတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့ စားနပ်ရိက္ခာ ထောက်ပံ့နိုင်ရေးကော်မတီကို ကမ္ဘောဇဘဏ်က မတည်ငွေ သိန်း ၂၀၀၀ ကို  ဧပြီ ၂ ရက်နေ့က ပေးအပ်ခဲ့ပါတယ်။

အလှူငွေပေးအပ်တာနဲ့ ရိက္ခာထုတ်ပိုးမှုပုံစံကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ သွားရောက်ကြည့်ရှုခဲ့ပါတယ်။

အဲ့ဒီရိက္ခာထောက်ပံ့ရေးပစ္စည်းတွေဟာ COVID-19 ကာလ လုံးဝအရေးပေါ်ခံစစ်အတွက် ရည်ရွယ်ထားတယ်လို့ ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်တီ ဒုဥက္ကဋ္ဌ ကိုသူရစောသိန်းက ပြောပါတယ်။

ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီအနေနဲ့ ရိက္ခာတွေ ကြိုတင်ပြင်ဆင်ထားသလို ရှမ်းပြည်နယ်အစိုးရအနေနဲ့လည်း ကြိုတင်ပြင်ဆင်မှု သီးသန့်ရှိတယ်လို့ ရှမ်းပြည်နယ် စီးပွားရေး စီမံကိန်း နဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။

လက်ရှိမှာ ငွေသားအနေနဲ့ သိန်းပေါင်း ၂၅၀၀ ကျော်ရှိနေပြီဖြစ်ပြီး ပစ္စည်းဝယ်ယူမှုတန်ဖိုးက သိန်းပေါင်း ၂၂၀၀ ကျော်ရှိနေပြီလို့ ဆိုပါတယ်။

ပစ္စည်းတွေကတော့ ဆန်အိတ် ၅၀၀၀ ကျော်၊ ဆီ ၁၈ ကျပ်သား ဘူး ၅ သောင်း၊ ၅၀ သားထုပ်ကုလားပဲ ၂၅၀ဝ နဲ့ ပိဿာ ၃၀ အိတ် ၅၅၀ ရောက်ရှိထားပြီ ဖြစ်ပါတယ်။

ထောက်ပံ့ရိက္ခာနဲ့ ရုံးခန်းကို တောင်ကြီး မြို့ အထက ၁ ကျောင်းမှာ ထားရှိထားပြီး ရှမ်းပြည်နယ် အစိုးရညွန်ကြားမှုနဲ့ ဖြန့်ဝေသွားမှာဖြစ်ပါတယ်။

ဒီထောက်ပံ့ရေးပစ္စည်းတွေကို တကယ်လို့ COVID-19  ကာလ ကျော်လွန်သွားနိုင်ပြီးနောက်ပိုင်းလည်း အခြေခံလူတန်းစားကိုပဲ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

 

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013