DVB Logo
Home
မြန်မာသတင်း
မကွေးသတင်းထောက်များကို COVID-19 ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေး
DVB
·
April 3, 2020
မကွေးသတင်းထောက်များကို COVID-19 ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေး
1 / 4
Donate to DVB

မကွေးအခြေစိုက် သတင်းထောက်တွေ COVID-19 သတင်းရယူတဲ့ နေရာမှာ အသုံးပြုဖို့ အလှူရှင်တဦးက ကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

မကွေးအခြေစိုက်သတင်းထောက် နေခြည်က "သတင်းထောက်တွေအနေနဲ့ COVID-19 သတင်းရယူဖို့ ဆေးရုံ ဆေးခန်း သွားရောက်ပြီး၊ လူနာတွေနဲ့ အနီးကပ် သတင်းသွားယူရတာတွေ ရှိပါတယ်။ တကယ်တမ်းသာ ကူးစက်လူနာ ဖြစ်ခဲ့ရင် သတင်းထောက်တွေအတွက် အကာအကွယ်မဲ့ပြီး ရောဂါကူးစက်ခံရနိုင်ပါတယ်။ COVID-19 သတင်းတွေ ရယူပြီး ပြည်သူတွေကို Message ပေးရမှာက တာဝန်တရပ်ဖြစ်သလို မိမိကိုယ်မိမိ ကာကွယ်နိုင်တဲ့ပစ္စည်းတွေနဲ့ သတင်းရယူကြဖို့ တိုက်တွန်းချင်ပါတယ်"လို့ DVB ကို ပြောပါတယ်။



ဦးကျော်ဝင်း ၊ဒေါ်ချိုချို (ထိန်ထိန်သာ)မိသားစုက သတင်းထောက်တွေအတွက် အကာအကွယ်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ ငွေ ၅ သိန်းကျပ်၊ လူမှုကူညီရေးအသင်းတွေကို ၅ သိန်းကျပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို သိန်း ၅၀ ကျပ် လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

အလှူရှင် ဦးကျော်ဝင်းက “ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့အတွက် တဦး တ‌ယောက်ချင်းကနေ ကာကွယ်နိုင်အောင် တထောင့်တနေရာက ပါဝင်ကူညီတာဖြစ်ပြီး မြို့ပေါ်မှာရှိတဲ့ မိတ်ဆွေတွေကိုလည်း ခုလိုမျိုး ပါဝင်ကုသိုလ်ယူနိုင်တယ်ဆိုတာ Message ပေးချင်ပါတယ်။ သတင်းထောက်တွေက COVID-19 ရောဂါသာမက အခြားကူးစက်ရောဂါသတင်းတွေကိုပါ ဆေးရုံ၊ ဆေးခန်း သွားရောက် သတင်းရယူရတာဖြစ်လို့ လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေ ဝယ်ယူနိုင်အောင် လှူဒါန်းပေးတာ” လို့ ပြောပါတယ်။

COVID-19 ရောဂါ ကာကွယ်တာတွေကို နယ်ပယ်ပေါင်းစုံက အလေးနက်ထားပြီး လုပ်ဆောင်နေချိန်မှာ သတင်းထောက်တွေအနေနဲ့ အကာကွယ်မဲ့ သတင်းရယူတာတွေ ဒီနေ့အချိန်ထိ ရှိနေသေးတယ်လို့ မကွေးအခြေစိုက်သတင်းထောက် ဇေယျတုက ပြောပါတယ်။

မကွေးအခြေစိုက် သတင်းထောက်တွေအတွက် သတင်းရယူတဲ့နေရာမှာ COVID-19 ရောဂါ ကာကွယ်နိုင်အောင် Mask နဲ့ ဟန်းဂျယ်တွေ ဝေငှပေးထားပြီး PPE ဝတ်စုံ ၅ စုံကိုတော့ မဖြစ်မနေ လိုအပ်တဲ့အချိန်မှာ အသုံးပြုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။





မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013