DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာမြို့နယ် Quarantine Center မှ ထွက်ပြေးသူကို ထောင်ဒဏ် ၃ လ ချမှတ်
DVB
·
April 3, 2020
လေးမျက်နှာမြို့နယ် Quarantine Center မှ ထွက်ပြေးသူကို ထောင်ဒဏ် ၃ လ ချမှတ်
Donate to DVB

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် လှော်ကထား Quarantine Center ကနေ ထွက်ပြေးသူတဦးကို ကူးစက်ရောဂါများကာကွယ်နှိမ်းနင်းရေးဥပဒေပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က ဒီဗွီဘီကို ပြောပါတယ်။

“သူက တရုတ်နိုင်ငံက ပြန်လာတာပါ။ သူ နေတာက ကွင်းကြီးအုပ်စု၊ ဆီးဖြူကွင်းကျေးရွာမှာ နေတာ။ သူက Quarantine Center  ကနေ မနေ့ညက ထွက်ပြေးတယ်။ သူ့ကို ပြန်ပြီး Quarantine နေဖို့ တာဝန်ရှိသူတွေ ပြောတာကို ကလန်ကဆန်လုပ်နေတဲ့အတွက် သူ ရှိမယ့်နေရာ သွားပြီး ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိတဲ့သူတွေ သွားရောက်ဖမ်းဆီးပြီး တရားစွဲခဲ့တာပါ။”

တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သူ လေးမျက်နှာမြို့နယ်၊ ကွင်းကြီးအုပ်စု၊ ဆီးဖြူကွင်းကျေးရွာနေ ဦးဇော်လွင်ဟာ လှော်ကထား Quarantine Center ကနေ ဧပြီ ၁ ရက်နေ့က ထွက်ပြေးခဲ့တာကြောင့် သက်ဆိုင်ရာက သွားရောက်ဖမ်းဆီးခဲ့တာပါ။ 

သူ့ကို ဧပြီ ၂ ရက်နေ့မှာ လေးမျက်နှာမြို့နယ်တရားရုံးက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ အမိန့်ချမှတ်ခဲ့ပြီး ဟင်္သာတ အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။

ပြည်ပနိုင်ငံတွေက ပြန်လည်ရောက်ရှိလာသူတွေကို ၁၄ ရက် အသွားအလာကန့်သတ်ပြီး သတ်မှတ်နေရာမှာ ထားရှိပေမယ့် လိုက်နာဆောင်ရွက်မှု အားနည်းတာကြောင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်းနင်းရေးဥပဒေ၊ ဘေးန္တရာယ်စီမံခန့်ခွဲမှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမယ်လို့ တိုင်းဒေသကြီးအစိုးရက မတ် ၂၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ဧပြီ ၁ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီးမှာ Hospital Quarantine လုပ်ထားတဲ့ လူနာ ၁၀ ဦး ရှိတယ်လို့ သိရပါတယ်။  Facility Quarantine Center ၃၁၇ နေရာ ဖွင့်လှစ်ထားပြီး လူဦးရေ ၂၂၃၅ ဦး စောင့်ရှောက်ပေးထားပြီး Home Quarantine က လူဦးရေ ၂၂၀၆ ဦးရှိတယ်လို့ သိရပါတယ်။

ဧပြီ ၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ  COVID-19 ရောဂါပိုးတွေ့ရှိတဲ့ အတည်ပြုလူနာ ပေါင်း ၂၀ ဦးရှိသွားပြီဖြစ်ပြီး ကင်ဆာရောဂါအခံရှိတဲ့ လူနာ အမျိုးသားတဦးကတော့ သေဆုံးသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013