DVB Logo
Home
မြန်မာသတင်း
တပ်မတော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စောင့်ကြည့်လူနာ ၁၂၃ ဦး လက်ခံထား
DVB
·
April 2, 2020
တပ်မတော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စောင့်ကြည့်လူနာ ၁၂၃ ဦး လက်ခံထား
Donate to DVB

COVID-19 ရောဂါကူးစက်ခံနေရတဲ့  ၁၆ ယောက်မြောက် လူနာ Case 16 နဲ့ ဆက်စပ်မှုရှိတဲ့ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၃ ဦးတို့ ရန်ကုန်တိုင်းဒေသကြီးရှိ တပ်မတော် စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ဧပြီ ၂ ရက်က လက်ခံထားပြီးဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်ရှိ  တပ်မတော် စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ဒီနေ့မနက်ပိုင်းထိ စောင့်ကြည့်လူနာ စုစုပေါင်း ၁၂၃ ဦး လက်ခံထားပြီးဖြစ်သလို နေပြည်တော်ရှိ တပ်မတော် စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာလည်း စောင့်ကြည့်လူနာ ၁၅၀၀၀ ဦး ထားနိုင်ဖို့အတွက်လည်း ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

 မြန်မာနိုင်ငံမှာ COVID-19 ရောဂါ  ဓာတ်ခွဲအတည်ပြုတွေ့ရှိတဲ့ ၁၆ ယောက်မြောက်လူနာဟာ ဧရာဝတီတိုင်း ရေကြည်မြို့နယ်ဇာတိ မြောက်ဥက္ကလာပ မြို့နယ်နေ  အသက် (၆၃) နှစ်အရွယ် အမျိုးသမီး တဦးဖြစ်ပြီး ဒူဘိုင်းကပြန်လာတဲ့ သားဖြစ်သူကို ရန်ကုန် လေဆိပ်မှာ သွားရောက်ကြိုဆိုရာကနေ ရောဂါကူးစက်ခံရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013