DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်တွင် COVID-19 ကပ်ဘေးကာလ ဒေသန္တရအမိန့်မလိုက်နာသည့် ခရစ်ယာန် ဓမ္မဆရာ ၂ ဦး တရားစွဲခံရ
DVB
·
April 2, 2020
ချင်းပြည်နယ်တွင် COVID-19 ကပ်ဘေးကာလ ဒေသန္တရအမိန့်မလိုက်နာသည့် ခရစ်ယာန် ဓမ္မဆရာ ၂ ဦး တရားစွဲခံရ
Donate to DVB

ချင်းပြည်နယ် ဟားခါးမြို့မှာ ဒေသန္တရအမိန့်နဲ့ ညွှန်ကြားချက်တွေကို ဆန့်ကျင်ပြီး လူစုလူဝေးနဲ့ သင်တန်းပေးခဲ့တဲ့ ခရစ်ယာန် ဓမ္မဆရာနှစ်ဦးကို တရားစွဲဆိုလိုက်ပါတယ်။

ဟားခါးမြို့မှာ COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေး မလုပ်ဖို့ ညွှန်ကြားချက်တွေ၊ ဒေသန္တရအမိန့််တွေထုတ်ပြန်ထားပေမယ့် အဲဒီတွေကို ဆန့်ကျင်ပြီး ဓမ္မဆရာနှစ်ဦးက လူစုလူဝေးနဲ့ သင်တန်းတွေပို့ချခဲ့ကြတာဖြစ်တယ်လို့ ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။

အဲဒီလိုလုပ်နေတဲ့အပေါ် အာဏာပိုင်တွေက သွားရောက်တားမြစ်ပေမယ့် လက်မခံတာ ကြောင့် တရားစွဲဆိုထားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီးကပြောပါတယ်။

ပြည်နယ် ဥပဒေအကြံပေး၊ တရားရေးအကြံပေးတွေနဲ့ ဆွေးနွေးပြီးမှ အခုလို တရားစွဲဆိုတာလို့ သူကဆိုပါတယ်။

လက်ရှိရောဂါဖြစ်နေတဲ့ကာလအတွင်းမှာ ညွှန်ကြားချက်တွေ၊ အမိန့်တွေကို လိုက်နာကြဖို့  စည်ပင်ဝန်ကြီးကတိုက်တွန်းလိုက်ပြီး နောက်ထပ် မလိုက်နာတဲ့သူတွေကိုလည်း တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာလည်း လူစုလူဝေးမလုပ်ဖို့ တားမြစ်ချက်ကို ဆန့်ကျင်ပြီ ဘုရားထီးတော်လှည့်လည်ပူဇော်ပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့သူတစ်ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက  တရားစွဲဆိုထားပါတယ်။

ထက်ဝေအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013