DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းအစိုးရက  အထည်ချုပ်စက်ရုံများကို ရပ်ဆိုင်းရန် အစီအစဉ်မရှိ
DVB
·
April 2, 2020
ဧရာဝတီတိုင်းအစိုးရက  အထည်ချုပ်စက်ရုံများကို ရပ်ဆိုင်းရန် အစီအစဉ်မရှိ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ အထည်ချုပ်စက်ရုံတွေကို အစိုးရက ရပ်ဆိုင်းဖို့ အစီအစဉ်မရှိတဲ့အကြောင်း ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောပါတယ်။

“အစိုးရဘက်က အထည်ချုပ်စက်ရုံတွေကို ရပ်ဖို့ ရပ်ဆိုင်းဖို့ပြောဖို့ အစီအစဉ်မရှိပါဘူး၊ ပြည်ထောင်စုမှာလည်း ပြောတာရှိတယ်။” 

ပုသိမ်မြို့မှာရှိတဲ့ အထည်ချုပ်စက်ရုံတွေကနေ အထည်တွေကို အများဆုံးမှာယူတဲ့ အီတလီနိုင်ငံမှာ  COVID-19 ရောဂါ ဖြစ်ပွားပြီးနောက် ဝယ်ယူမှုတွေ ရပ်ဆိုင်းထားပါတယ်။

ဒါ့ကြောင့်အီတလီကို အထည်တွေတင်ပို့နေတဲ့ စက်ရုံတွေ ထိခိုက်မှုရှိလာပြီး ပစ္စည်းထုတ်လုပ်မှုကျဆင်းလာသလို လုပ်သားအင်အားလျှော့ချတာတွေရှိလာတယ်လို့လည်း ဝန်ကြီးဒေါက်တာစိုးဝင်းက ပြောပါတယ်။

“တချို့စက်ရုံတွေမှာ အလုပ်သမားတွေကိုယ်တိုင်က အလုပ်မဆင်းချင်တော့ဘူး။ လူစုလူဝေး ဖြစ်မှာစိုးလိုဆိုပြီးတော့ အလုပ်သမားကိုယ်တိုင်က ပြောတော့ အလုပ်ရှင်ကလည်း ခွင့်ပြုတယ်။ အဲဒါက မအူပင်မှာ အလိုလိုပိတ်သွားတာပေါ့”

စက်ရုံတွေပိတ်သိမ်းမှုမှာ ပိုင်ရှင်ဘက်က ပိတ်တာနဲ့ လုပ်သားအင်းအားလျှော့တာ တွေပြုလုပ်ပါက အလုပ်သမားရေးရာဥပဒေနဲ့အညီ ဥပဒေအတိုင်းဘဲ လျော်ကြေးနစ်နာကြေးတွေ ဆောင်ရွက်ဖို့ညှိနှိုင်းရတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ Hua Meng စက်ရုံကို ဖေဖော်ဝါရီ ၂၉ ရက်က ယာယီပိတ်သိမ်းခဲ့ရပြီး ၊ မအူပင်မြို့နယ်က စက်ရုံတစ်ရုံမှာ အလုပ်သမား တွေရဲ့ တောင်းဆိုမှုကြောင့် ပိတ်သိမ်းခဲ့ရတာရှိပါတယ်။

ပုသိမ်မြို့မှာတော့ Myanmar knitting အထည်စက်ရုံက လုပ်သားအင်အား လျှော့ချတာရှိသလို AMAVA APPAREL အထည်စက်ရုံကလည်း လုပ်သားအင်အားလျှော့ချဖို့  ဒီကနေ့ တိုင်းအစိုးရရုံးမှာ ဆွေးနွေးသွားဖို့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013