DVB Logo
Home
မြန်မာသတင်း
မော်လမြိုင် Facility Quarantine စခန်း၌ ရောဂါကာကွယ်ရေးပစ္စည်းနှင့် စေတနာဝန်ထမ်း လိုအပ်နေ
DVB
·
April 1, 2020
မော်လမြိုင် Facility Quarantine စခန်း၌ ရောဂါကာကွယ်ရေးပစ္စည်းနှင့် စေတနာဝန်ထမ်း လိုအပ်နေ
Donate to DVB

ထိုင်းနိုင်ငံကပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကိုထားရှိမယ့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ  Facility Quarantine အသွားအလာကန့်သတ်စောင့်ကြည့်တဲ့ စခန်းတွေမှာ COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းတွေနဲ့ စေတနာ ဝန်ထမ်းတွေ အရေးပေါ် လိုအပ်နေပါတယ်။ 

ထိုင်းနိုင်ငံမှ ပြန်လာတဲ့ မြန်မာနိုင်ငံသား ၃၀၀ ကျော်ကို မတ် ၃၁ ရက်မှာ မွန်ပြည်နယ် အစိုးရအဖွဲ့က  မြဝတီကနေ သွားရောက်ခေါ်ဆောင် ကျန်းမာရေးစစ်ဆေးပြီး မော်လမြိုင်တက္ကသိုလ်ရှိ အဆောင်တွေမှာ Facility Quarantine  ထားရှိ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

ဒီလို စောင့်ကြည့်ရာမှာ လူဦးရေများတဲ့အတွက် ရောဂါကာကွယ်ရေး ပစ္စည်းတွေအပြင် စေတနာ ဝန်ထမ်းတွေလည်း လိုအပ်နေတယ်လို့ မော်လမြိုင်ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစန်းစန်းအောင်က ပြောပါတယ်။

ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ နေ့စဉ်  ကျန်းမာရေး စစ်ဆေးမှာဖြစ်ပြီး ရောဂါလက္ခဏာပြသတဲ့သူတွေကိုတော့ Hospital Quarantine လုပ်ဆောင်သွားဖို့ စီစဉ်ထားတာပါ။

တိုင်းနဲ့ပြည်နယ်အသီးသီးက မြန်မာနိုင်ငံသားတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကြောင့် သွားရောက်ခေါ်ဆောင်ခဲ့ပြီး မော်လမြိုင်မှာ ထားရှိဖို့ လုပ်ဆောင်ခဲ့တာ  ဖြစ်တယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။

နေရပ်ပြန်တွေကတော့ နေထိုင်ရာဇာတိမှာရှိတဲ့ Facility Quarantine စခန်းတွေမှာ ၁၄ ရက် စောင့်ကြည့်ခံရမယ်လို့ ထင်ထားပေမယ့် အခုလို တခြားဒေသမှာ နေထိုင်ရတာဟာ အဆင်မပြေဘူးလို့ ဆိုကြပါတယ်။

Facility Quarantine ထားရှိခံနေရသူတွေ နေရေးထိုင်ရေး အဆင်ပြေစေဖို့အတွက် စောင်၊ ခြင်ထောင်၊ ခေါင်းအုံကအစ စားရေးသောက်ရေးကိုလည်း မွန်ပြည်နယ် အစိုးရအဖွဲ့က အပြည့်အဝ တာဝန်ယူသွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။

မွန်ပြည်နယ်မှာ နိုင်ငံရပ်ခြားက ပြန်လာတွေ နေထိုင်ဖို့အတွက် ပြည်နယ်တခုလုံးမှာ Facility Quarantine စခန်းပေါင်း ၃၅၀ ကျော် ဖွင့်လှစ်ထားပြီး မော်လမြိုင် တက္ကသိုလ်မှာတော့ လူပေါင်း ၁၀၀၀ ကျော် ထားနိုင်တဲ့စခန်းကို ဖွင့်လှစ်ထားတာပါ။  

ဇော်လွင်ထွဋ်  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013