DVB Logo
Home
မြန်မာသတင်း
COVID-19 အမိန့်ညွှန်ကြားချက်ကို မလိုက်နာသည့် စစ်ကိုင်းမှ အမျိုးသား ၅ ဦး အမှုဖွင့်ခံရ
DVB
·
March 31, 2020
COVID-19 အမိန့်ညွှန်ကြားချက်ကို မလိုက်နာသည့် စစ်ကိုင်းမှ အမျိုးသား ၅ ဦး အမှုဖွင့်ခံရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်တဲ့  အမိန့်ညွှန်ကြားချက်တွေမလိုက်နာလို့ မြို့နယ် ၄ မြို့နယ်က အမျိုးသား ၅ ဦးကို အမှုဖွင့်အရေးယူထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသူ တွေ့ရှိပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာ ဒေသန္တရအမိန့်တွေထုတ်ပြန်ထားသလို အစိုးရအဖွဲ့ကလည်း အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာရင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေတွေနဲ့ အမှုဖွင့် အရေးယူဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။ 

မတ်လ ၂၈ ရက်နေ့ကစတင်ကာ တမူးမြို့မှာ တားမြစ်မိန့်ကို မလိုက်နာဘဲ မင်္ဂလာဆောင်ခဲ့ တဲ့ သတို့သား မောင်ထန်လင်းရှိန် (ခ) လင်းရှိန် ကို တမူးမြို့မရဲစခန်းက ၂၀၁၃ ခုနှစ်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပေဒပုဒ်မ (၃၀/က)အရ လည်းကောင်း၊ ဖခင်ဖြစ်သူ ဦးထန်ခိုလွန်းကို နိုင်ငံခြားသားခံယူထားသူ သားဖြစ်သူ နေအိမ်မှာလာရောက်တည်းခိုစဉ် သက်ဆိုင်ရာကို သတင်းပို့ဖို့ ပျက်ကွက်လို့ ၁၉၄၀ ပြည့်နှစ်၊ နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၅(၁)၊ ၁၉၄၈ ခုနှစ်၊ နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေပုဒ်မ ၁၄(၆)အရ မြို့နယ်လဝက ကနေ အမှုဖွင့်အရေးယူထားပါတယ်။ 

ဒါ့အပြင် အရာတော်မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို နိုင်ငံခြားက ပြန်လာသူက ကိုယ်ထိလက်ရောက်ပြုမှုတဲ့အတွက် အမှုဖွင့်ထားသလို ရေဦးမြို့နယ်ဆေးရုံမှာ သီးသန့်စောင့်ကြည့် တုန်း ထွက်ပြေးခဲ့တဲ့ ဦးတိုင်းထွန်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာက ထွက်ပြေး စောင့်ကြည့်လူနာ ဦးရန်မျိုး(ခ)နိုင်မျိုးဝင်းတို့ကို သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးတွေက တရားလိုပြုလုပ်ကာ အမှုဖွင့်တိုင်းတန်းထားတယ်လို့ တိုင်းအစိုးရက ထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါတယ်။

စစ်ကိုင်းတိုင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက"ကျနော်တို့ကတော့ အကောင်းဆုံးကတော့ ပြည်သူလူထု ပူးပေါင်းပါဝင်စေချင်ပါတယ်။ ဒီအချိန်မှာ မဖြစ်ရင်လည်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သူတို့ကို Quarantine လုပ်နိုင်မှ မပြန့်ပွားမှာ ဖြစ်ပါတယ်။ အဓိကကတော့ ပြည်သူပူးပေါင်းပါဝင်ဖို့ပါပဲ။ မလိုအပ်ဘဲ အတတ်နိုင်ဆုံးအိမ်ထဲက မထွက်ကြဘဲနဲ့ Home Stay ကိုသာ ကောင်းကောင်းလုပ်ကြမယ်ဆိုရင် ဒါ Outbreak ဖြစ်မယ့်ရောဂါက ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။"လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ COVID-19 လူနာအမှတ် ၈ သွားရောက်ခဲ့တဲ့ နေရာတွေကိုလည်း အသွားအလာ အဝင်အထွက်ကန့်သတ်ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် မြို့နယ်သီးသီးက လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ထမင်းဆိုင်တွေကိုလည်း ပါဆယ်သာ ရောင်းချခွင့်ပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013