DVB Logo
Home
နိုင်ငံတကာ
နှစ်သစ်ကူးရိုးရာပွဲတော်အကြို ဆင်နွှဲခဲ့သည့် ချင်းမိုင် တိုင်းရင်းသားဈေးရောင်းပွဲတော် (ဓာတ်ပုံ)
DVB
·
April 6, 2026
နှစ်သစ်ကူးရိုးရာပွဲတော်အကြို ဆင်နွှဲခဲ့သည့် ချင်းမိုင် တိုင်းရင်းသားဈေးရောင်းပွဲတော် (ဓာတ်ပုံ)
1 / 15
Photo: DVB
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေရဲ့ ထုတ်ကုန်တွေ၊ လက်မှုပညာတွေ၊ အထည်အလိပ်တွေ၊ အစားအစာတွေနဲ့ လတ်ဆတ်တဲ့ သီးနှံတွေကို ပြသရောင်းချတဲ့ ချင်းမိုင်တိုင်းရင်းသားဈေးရောင်းပွဲတော်ကို ဧပြီ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ချင်းမိုင်မြို့က Lan Din Cafe မှာ ပြုလုပ်ခဲ့ပါတယ်။

ဒေသခံ လူမှုအသိုက်အဝန်း အသီးသီးရဲ့ ယဉ်ကျေးမှု မတူကွဲပြားမှုတွေကြား ပေါင်းစည်းနိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပတဲ့ ဒီပွဲတော်ကို ၄ ကြိမ်မြောက် ပြုလုပ်တာလည်းဖြစ်ပါတယ်။

အခုပွဲတော်ကတော့ မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော် အတာသင်္ကြန်နဲ့ ထိုင်းရိုးရာ နှစ်သစ်ကူးပွဲတော် ဆုန်ကရမ်ကာလမတိုင်ခင် ထိုင်းနဲ့ မြန်မာနိုင်ငံကြားက တူညီတဲ့ ရေပက်ဖျန်းခြင်းနဲ့ နှစ်သစ်ကူးရိုးရာတွေကို ဖော်ထုတ်ပြသတာ ဖြစ်ပါတယ်။

ချင်းမိုင် တိုင်းရင်းသားစျေးပွဲတော်ကို စီစဉ်သူ ဖိအေးက “ဒီအချိန်ကာလက ချင်းမိုင်နဲ့ မြန်မာမှာ ရာသီဥတု အခြေအနေတွေနဲ့ ပတ်သက်ပြီး သိပ်ကို ခက်ခဲနေတဲ့ကာလ ဖြစ်ပါတယ်။ ချင်းမိုင်မှာ ရောက်ရှိနေထိုင်‌နေကြတဲ့ မြန်မာလူမျိုးတွေသာမက ထိုင်းတိုင်းရင်းသားလူမျိုးတွေလည်း ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို ခံစားနေကြရပါတယ်။ ဒီလိုအချိန်မှာ သင်္ကြန်၊ ဆုန်ကရမ်၊ ရေသဘင်ပွဲ ဆိုတာက မိသားစု၊ မိတ်ဆွေတွေကို အချိန်ပေးနိုင်ဖို့ နှစ်သစ်ကို စတင်မဲ့ အသစ်အသစ်တွေကို စတင်နိုင်မဲ့ အချိန်အခါကို ယူဆောင်လာနိုင်မဲ့ ဘုံတူညီတဲ့အရာ ဖြစ်ပါတယ်။ ဒါကပဲ မတူညီတဲ့ လူမှုအသိုက်အဝန်းကြားထဲမှာ ပျော်ရွှင်မှု‌တွေကို ‌‌ဆောင်ကြဉ်း‌ပေးနိုင်မှာလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီပွဲ‌‌တော်မှာတော့ ချင်းမိုင်ရောက် မြန်မာတက္ကသိုလ်‌‌ကျောင်းသူလေးတွေက မြန်မာ့ရိုးရာ သင်္ကြန်အကနဲ့ ကပြဖျော်ဖြေခဲ့ကြသလို ထိုင်းမြောက်ပိုင်း လန်နားဒေသရဲ့ ဆုန်ကရမ်ကာလမှာ ပြုလုပ်လေ့ရှိတဲ့ သက်ကြီးပူဇော်ပွဲနဲ့ ကန်တော့တဲ့ အခမ်းအနားကိုလည်း ထည့်သွင်း ပြုလုပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013