DVB Logo
Home
မြန်မာသတင်း
COVID -19 ကာကွယ်ရန် စည်းကမ်းမလိုက်နာသူ ထိတ်တုံး ၁၄ ရက်နှင့် ငွေဒဏ် ၃ သိန်းဆောင်ရမည်ဟု ကေအန်ယူ သတိပေး
DVB
·
March 30, 2020
COVID -19 ကာကွယ်ရန် စည်းကမ်းမလိုက်နာသူ ထိတ်တုံး ၁၄ ရက်နှင့် ငွေဒဏ် ၃ သိန်းဆောင်ရမည်ဟု ကေအန်ယူ သတိပေး
Donate to DVB

COVID -19 ရောဂါဖြစ်ပွားနေမှုနဲ့ပတ်သက်ပြီး ရောဂါဖြစ်ပွားရာနေရာကနေ ပြန်လာသူတွေနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်မှုမရှိပါက ထိတ်တုံး ၁၄ ရက် သို့မဟုတ် ငွေဒဏ် ကျပ် ၃ သိန်းပေးဆောင်ရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်ရုံးက သတိပေးထုတ်ပြန်ပါတယ်။

ရောဂါ ဖြစ်ပွားနေတဲ့ နိုင်ငံကနေ ပြန်လာတဲ့ မည်သူမဆို သက်ဆို်ငကျေးရွာလူကြီးတွေကို ချက်ချင်းအကြောင်းကြားဖို့၊ ရောဂါ ဖြစ်ပွားရာ နိုင်ငံကနေ ပြန်လာတဲ့မည်သူမဆို မိမိနေအိမ်ခြံဝင်းအတွင်း တဲထိုးပေးခြင်း (သို့မဟုတ်) ရွာအပြင်ဘက်တဲတွေမှာ ၁၄ရက်နေထိုင်ပြီး သွားလာခြင်းမပြုဖို့၊ ၁၄ ရက်အတွင်း ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာကပါ ကျန်းမာရေးဌာနကို အကြောင်းဖို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျေးရွာတိုင်းမှာ နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်တဲ့သူစာရင်းကို ကောက်ယူထားဖို့နဲ့ နိုင်ငံခြားမှ ပြန်လာမယ့်သူ ရှိပါကလည်း မိဘဆွေမျိုးတွေအနေနဲ့ ပြန်လာမယ့် နေ့ရက်တွေကို ကြိုတင် အကြောင်းကြားဖို့လည်း ထုတ်ပြန်ထားပါတယ်။

ရောဂါဖြစ်ပွားတဲ့အခြေအနေပေါ်မူတည်ပြီးလည်း လိုအပ်သလို အမိန့်တွေကို တင်းကြပ်စွာ ဆက်လက် ချမှတ်မှာဖြစ်ကြောင်းလည်း ကေအန်ယူ သထုံခရိုင်ရုံးက မတ်လ ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါ CONVID-19 ဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ အတူတကွပါဝင်ဖို့  မြန်မာအစိုးရ နဲ့ တပ်မတော်အနေနဲ့ ကြိုတင်ကန့်သတ်ချက်မထားတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကြေညာဖို့လည်း ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟိုက မတ်လ ၂၆ ရက်က ကြေညာချက် ထုတ်ပြန် တိုက်တွန်းတောင်းဆို ထားပါတယ်။

အပစ်ရပ်ဒေသတွေက  ပြည်သူတွေနဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ ကျန်းမာရေးဆိုင်ရာ ပညာပေးရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို အန်စီအေစာချုပ်နဲ့အညီ ကေအန်ယူကျန်းမာရေးဌာနနဲ့   ညှိနှိုင်းဆောင်ရွက်ဖို့လည်း အစိုးရကို တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီကနေ့အထိ CONVID-19  ရောဂါ ကူးစက်ခံရသူ ၁၀ ဦးရှိသွားပြီဖြစ်ပြီး ဒီအထဲမှာ ထိုင်းနိုင်ငံကနေ ကရင်ပြည်နယ် မြဝတီနယ်စပ်က တဆင့်နေရပ်ပြန်လာသူ တဦးလည်း ပါဝင်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013